Connect with us

Agriculture

သစ်သီးဝလံပန်းမန် စိုက်ပျိုးရေး ဖွံ့ဖြိုးစေရေး ပြပွဲပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ရက် (ဆင်ဟွာ)

ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးရေး လုပ်ငန်းအား ပြည်သူများ စိတ်ပါဝင်စားလေ့လာနိုင်ရေး၊ စိုက်ပျိုးမှု နည်းပညာများကို သိရှိနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ရေး ၊ စိုက်ပျိုး ထုတ်လုပ်မှုမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းခဲ့သည်။အဆိုပါပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက် မှ ၈ ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ် မဟာမြိုင်ကျွန်းမှာ ပြုလုပ်ခဲ့ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးခြင်းကို စိတ်ဝင်စားသူများ၊ သစ်ခွ နှင်းဆီ နှင့် အလှပန်းစိုက်ပျိုးခြင်းကို နှစ်သက်သူများ စိတ်ဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.