Connect with us

Culture & Entertainment

ပုဂံဒေသရှိ ဘုရားများအား ယူနက်စကို၏ အရေးပေါ်ရန်ပုံငွေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နေ

ယူနက်စကို၏ အရေးပေါ်ရန်ပုံငွေဖြင့် ထိန်းသိမ်းရေး ဆောင်ရွက်နေသည့်လုပ်ငန်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ကြည့်ရှုစစ်ဆေး (ဓာတ်ပုံ- ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ စူဠာမဏိဘုရား ၊တောင်ဂူနီဘုရား ၊ လောကထိပ်ပန်ဘုရား ၊ လောကဥသျှောင်ဘုရားများကို ယခုအခါ ယူနက်စကို၏ အရေးပေါ်ရန်ပုံငွေဖြင့် နံရံဆေးရေး ပန်းချီအပါအဝင် အနုလက်ရာများ ရေရှည် ကြံ့ခိုင် တည်တံ့စေရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ထိုအတူ အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် Archaeological Survey of India ( ASI ) အဖွဲ့က အာနန္ဒာဘုရား၏ နံရံဆေးရေးပန်းချီများ ကြေးချွတ်ခြင်းလုပ်ငန်း၊ ဘုရား လိုဏ်ပတ်လမ်းနှင့် ပရဝဏ်ကြမ်းခင်းများကို ရှေးမူလက်ရာအတိုင်း ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း၊ ဘုရားတံတိုင်းကို ရှေးမူလက်ရာအတိုင်း ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်နေကြောင်း သိရသည်။

နဂါးရုံဘုရားရှိ နံရံဆေးရေးပန်းချီများ ကြံ့ခိုင် တည်တံ့မှု ၊ အပါယ်ရတနာဘုရား၏ နံရံဆေးရေးပန်းချီအလွှာများ ကြံ့ခိုင်ထိန်းသိမ်းရေး များကိုလည်း ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

ပုဂံဒေသရှိ အချို့သောရှေးဟောင်းအဆောက်အအုံများနှင့် အဆောက်အအုံများရှိ အင်္ဂတေ ပန်းတော့များ၊ စဉ့်ကွင်းစဉ့်ချပ်များ၊ နံရံဆေးရေးပန်းချီများစသည့် အနုလက်ရာများသည် အရေးပေါ် ထိန်းသိမ်းရန် လိုအပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.