Connect with us

Culture & Entertainment

စြင်္ကာတောင် ဒေသ ကျောက်ထွင်း လိုဏ်ဂူများအား ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ တားမြစ်ချက် ၊ သတိပေး ဆိုင်းဘုတ်များ စိုက်ထူ ဆောင်ရွက်လျက်ရှိ

စင်္ကြာတောင်ရှိ အမှတ် -၂ နေရာ၊ လှိုဏ်ဂူ အမှတ် (၁) နှင့် ဗုဒ္ဓ ဆင်းတုတော်များအား တွေ့ရစဉ် (ဓာတ်ပုံ- ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံ ခရိုင်၊ နွားထိုးကြီး မြို့နယ်ရှိ စြင်္ကာတောင်ဒေသ ကျောက်ထွင်း လိုဏ်ဂူများအား ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (၂၀၁၅ ခုနှစ်) နှင့် အညီ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ တားမြစ်ချက်များ၊ သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

စြင်္ကာတောင် ဒေသသည် မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသတွင် တည်ရှိ၍ တောင်ကုန်းငယ်များ ပေါများပြီး သဘာဝအတိုင်း တည်ရှိ နေသော နေရာ ဒေသ တစ်ခုဖြစ်ပြီး စြ င်္ကာတောင် ဒေသတွင် ယခင်တွေ့ရှိခဲ့ပြီး ဒေသခံများက ထိန်းသိမ်းထားသော ကျောက်ထွင်း လိုဏ်ဂူများ နေရာအမှတ်(၁) နှင့်ယခုတွေ့ရှိသည့် ကျောက်ထွင်း လိုဏ်ဂူများ နေရာ အမှတ် (၂) တို့တွင် ဗုဒ္ဓ ဆင်းတုတော်များ၊ ရဟန္တာ ရုပ်ထုများ၊ လိုဏ်မုခ် တံကဲများ၊ ခြင်္သေ့ ရုပ်တုများ၊ ဝသုန္ဒြေရေ ရုပ်တုများ၊ နံရံဆေးရေး ပန်းချီများ တွေ့ရှိရ၍ လေ့လာ သုတေသန ပြုခဲ့ကြရာ နံရံဆေးရေး ရွှေရေး ပန်းချီများကို ဆင်းတု နောက်ခံ တို့တွင် ပါရှိကြောင်း၊ လေ့လာ သုတေသနပြု တွေ့ရှိချက်များ အရ စြင်္ကာတောင် ဒေသရှိ လိုဏ်ဂူများသည် ညောင်ရမ်း ခေတ်နှောင်း၊ ကုန်းဘောင် ခေတ်ဦးတွင် စတင် တည်ဆောက်ခဲ့ပြီး ကိုလိုနီခေတ် တိုင်အောင် ခေတ်အဆက်ဆက် ထွန်းကားခဲ့ဖွယ် ယူဆကြောင်း သိရသည်။

စြင်္ကာတောင်အား အဝေးမှ တွေ့ရစဉ် (ဓာတ်ပုံ- ယဉ်ကျေးမှု ဝန်ကြီးဌာန)

စြင်္ကာတောင် (ရှေးယခင် အခေါ် ကြက်ကျတောင်) ဒေသသည် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ် ၊ ဘူးကိုင်း ကျေးရွာအုပ်စု၊ ခံစပ်ကုန်း အရှေ့ကျေးရွာ၏ အနောက် မြောက်ဘက်တွင် တည်ရှိပြီး ယင်းဒေသ၌ တောင်တက်လမ်း ဖောက်လုပ်ချိန်တွင် ပို့ချ ဖုံးအုပ်နေသော မြေများ ရှင်းလင်းရာမှ ပြည့်စုံစွာ ပေါ်ထွက်လာသော ကျောက်ထွင်း လိုဏ်ဂူများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ မန္တလေး ဌာနခွဲမှ ကွင်းဆင်း လေ့လာ၍ သုတေသနပြု လုပ်ငန်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.