Connect with us

Culture & Entertainment

မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများတွင် ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိခိုက်စေနိုင်သော ဝန်ဆောင်မှု ဆောင်ရွက်မှုများ ခွင့်မပြုရန် တားမြစ်

ပုဂံမြို့ရှေးဟောင်း အဆောက်အဦး တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများတွင် အမျိုးဘာသာ၊သာသနာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများ၊ ညစာစားပွဲ ဝန်ဆောင်မှုများ ခွင့်မပြုရန် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တားမြစ်လိုက်ကြောင်း သိရသည်။

အထူးသဖြင့် မြန်မာ့တော်ဝင် မင်းညီမင်းသား၊မှူးကြီးမတ်ရာ တို့၏ နန်းဝတ်နန်းစား၊ အဆောင်အယောင်၊ အပြင်အဆင်များဖြင့် ကြိုဆိုခြင်း၊ဧည့်ခံခြင်း၊ညစာစားပွဲ ကျင်းပခြင်းများ မပြုစေရန် စောင့်ကြည့်ခြင်း၊ ဆွေးနွေးပညာပေးခြင်း ၊ အမြဲမပြတ်စစ်ဆေးကြရန် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အကြောင်းကြားထားကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်မှုများ ရှိခဲ့သည့် ခရီးသွားကုမ္ပဏီအား မြန်မာ့ယဉ်ကျေးမှု နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သဖြင့် နောင်တွင် မပြုလုပ်ရန် ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဆွေးနွေး ရှင်းပြတားမြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)