Connect with us

Culture & Entertainment

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၁၉ ခုမြောက်ကမ္ဗည်းပြားအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် Royal Philips Corporation တို့ပူးပေါင်းကာ တပ်ဆင်ပေးခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သည် သမိုင်းဝင်အဆောက်အအုံများ၌ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို ပိုမိုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့တပ်ဆင်သည့် အပြာရောင်ကမ္ပည်းပြားတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စတင် တည်ဆောက်ခဲ့သည့် ခုနှစ်နှင့် တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် သမိုင်းဝင်စာသားများ ရေးထိုးထားပြီး ယင်းကမ္ပည်းပြားကို သြစတြီးယားနိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်ကာ မိုးဒဏ်၊ လေဒဏ်ခံနိုင်ရည် ရှိကြောင်း သိရသည်။ ရန်ကုန်မြို့၌ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအား လက်ရှိအချိန်ထိ စာရင်းကောက်ယူနေဆဲ ဖြစ်သည်။

အမွေအနှစ် အဆောက်အအုံ စာရင်းကောက်ယူရာတွင် လက်ရှိ လူနေအိမ်များလည်း ပါဝင်ပြီး ရှေးဟောင်းအဆောက်အအုံတိုင်း စာရင်းကောက်ယူခြင်း မဟုတ်ဘဲ သမိုင်းဝင် အဆောက်အအုံများကိုသာ စာရင်းကောက်ယူကာ ကမ္ဗည်းပြား ၁ဝဝ မှ ၂ဝဝ အထိ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမ၊ ရန်ကုန်စာတိုက်ကြီး၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ် ထုတ်ဝေရေး အဆောက်အအုံ၊ ပန်းဘဲတန်းမြို့နယ်ရှိ ဘုရားကျောင်းနှင့် စိန်ပေါလ်ကျောင်းတို့ အပါအဝင် သမိုင်းဝင် အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်နိုင်ခဲ့ပြီး ယနေ့တပ်ဆင်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကမ္ဗည်းပြားသည် ၁၉ ခုမြောက် အပြာရောင်ကမ္ပည်းပြား ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.