Connect with us

Culture & Entertainment

ပြင်ဦးလွင် ပန်းပွဲတော်အား ဒီဇင်ဘာ ၁ ရက်မှ စတင်၍ တစ်လကြာ ကျင်းပမည်

ပြင်ဦးလွင် ပန်းပွဲတော်တွင် ပန်းများ အလှဆင်ထားမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော် တစ်ခု ဖြစ်သည့် ပြင်ဦးလွင် ပန်းပွဲတော်အား ဒီဇင်ဘာလ ၁ ရက်တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)၌ စတင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှုအရ သိရသည်။

ပြီးခဲ့သည့် ၁၁ နှစ်တာ ကာလ အတွင်း နှစ်စဉ် ပြင်ဦးလွင် ပန်းပွဲတော်အား ၂ ပတ်ကြာ ကျင်းပ ပြုလုပ် ခဲ့သော်လည်း ယခုနှစ်တွင် ဒီဇင်ဘာ ၁ ရက်မှ လကုန် အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်သို့လာရောက် လည်ပတ်သူ ပိုမို များပြားစွာ လာရောက်မည်ဟု မျှော်လင့်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါတွင် ပန်းပွဲတော်အား ကျင်းပရန် ပန်းအလှဆင်မှု နှင့် ပြင်ဆင်မှုများအား ဥယျာဉ် အတွင်း၌ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင် ပန်းပွဲတော်တွင် ပြည်တွင်း ၊ ပြည်ပ ပန်းမျိုးစိတ်များ နှင့် လက်လုပ် ပန်းအတုများ အပါအဝင် စုစုပေါင်း ၁ သိန်း ၃ သောင်းကျော်အား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်သို့လာရောက် လည်ပတ်သူများအတွက် ဆွယ်တာ ၊ အနွေးထည် နှင့် ဒေသထွက် နှင့် လက်မှု ပစ္စည်းများ အပါအဝင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသား ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်မှာ အကျယ်အဝန်းအားဖြင့် ၄၃၇ ဧက ရှိပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း လာရောက် လည်ပတ်သူ အရေအတွက် သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ပွဲတော် ကာလ အတွင်း ဥယျာဉ်ဝင်ကြေးအား လူကြီး တစ်ဦးလျှင် ၁၀၀၀ ကျပ် ၊ ကလေး တစ်ဦးလျှင် ၅၀၀ ကျပ် သတ်မှတ်ခဲ့ပြီး နိုင်ငံခြားသားများအား တစ်ဦးလျှင် ၅ ဒေါ်လာနှုန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.