Connect with us

Culture & Entertainment

အမျိုးသား အထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၌ အနုပညာ ဖျော်ဖြေပွဲ ကျင်းပမည်

တိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၌ လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ယိမ်းအကများ၊ တေးသံသာများ၊ ပဒေသာ ယိမ်း အကများ၊ ဟာသတစ်ခန်းရပ်များနှင့်ဖျော်ဖြေရေးအစီစဉ်များတင်ဆက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) ဖျော်ဖြေပွဲအား လာရောက် ကြည့်ရူလေ့လာကြမည့် ပြည်သူများနှင့် ဝန်ထမ်း များ သွားလာရေး အဆင်ပြေစေရန် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အထိ သီးသန့်ယာဉ်လိုင်းများ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ ဖျော်ဖြေပွဲကျင်းပမည့်နေ့တွင်လည်း အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)မှ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) သို့ ဝင်ရောက် လေ့လာလိုသူများအတွက် ဝင်ကြေးများ ကိုလည်း လျှော့ချပေး သွားမည်ဖြစ်ကြောင်း နှင့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်နှင့် တိရစ္ဆာန် ဥယျာဉ်တို့ အပြန် အလှန် ကူးလူးသွားလာနိုင်သည့် လမ်းကြောင်းများတွင် ကြို/ပို့ ယာဉ်များ စီစဉ် ဆောင်ရွက်ပေးထားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ကို ပြည်ထောင်စုတစ်ဝန်း စုစည်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ် များ၊ ရိုးရာ ဓလေ့ထုံးစံနှင့်အညီ နေထိုင် စားသောက် ကြပုံများ၊ ဖွံ့ဖြိုးတိုး တက်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ထင်ရှား ကျော် ကြားသော စေတီပုထိုး အထိမ်းအမှတ်နေရာများ၊ သဘာဝရှုခင်းများ၊ မြေယာရှုခင်း အလှအပများဖြင့် ပုံဖော်၍ တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ကြည့်ရှုလေ့လာ အနားယူ အပန်းဖြေနိုင်ရန် ရည်ရွယ်၍ တည်ဆောက် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောင်တွင် တစ်လတစ်ကြိမ် ဖျော်ဖြေပွဲများ ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.