Connect with us

Culture & Entertainment

အေဒီ ၉ ရာစု နှင့် ၁ဝ ရာစု ကြားကာလ ရှေးဟောင်း ရွှေထည် ဝတ္ထု ပစ္စည်းများ အပ်နှံသူများအား ဆုကြေး ငွေများ ချီးမြှင့်

အေဒီ ၉ ရာစု နှင့် ၁ဝ ရာစု ကြားကာလ ရှေးဟောင်း ရွှေထည်ဝတ္ထုပစ္စည်းများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အေဒီ ၉ ရာစုနှင့် ၁ဝ ရာစု ကြားကာလ ရှေးဟောင်း ရွှေထည်ဝတ္ထု ပစ္စည်းများ အပ်နှံသူများအား ဆုကြေးငွေ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုပစ္စည်းများသည် အေဒီ ၉ ရာစု နှင့် ၁ဝ ရာစု ကြားကာလတွင် အသုံးပြုခဲ့သော အဆင်တန်ဆာ အစိတ် အပိုင်းများ ဖြစ်နိုင်ကြောင်း၊ ရွှေခွက်ပုံသဏ္ဍန် ရွှေပြား ဝိုင်းအားလုံးတွင် အပေါက်ငယ်လေးများ သုံးပေါက် သို့မဟုတ် လေးပေါက် သို့မဟုတ် ငါးပေါက် ဖောက်ထားသည် ကို တွေ့ရသဖြင့် တစ်ခုနှင့်တစ်ခု တွဲဆက် အသုံးပြုသည်ဟု ယူဆရပါကြောင်း၊ ပါးလွှာစွာခတ်လုပ်ထားသဖြင့်လည်း ပန်း ထိမ်ပညာ အဆင့်အတန်း မြင့်မားသဖြင့် နိုင်ငံတော်က ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာ – ကော့စံကျေးရွာ ကျေးရွာ လမ်းခင်းရန် မြေတူးရာမှ ရွှေခွက် ပုံသဏ္ဍန် ရွှေပြားအဝိုင်း (အကောင်း+ အပဲ့) ၇ဝ ခု၊ ရွှေပြားအရှည် (အပိုင်း အစ) ၁၂ ခုကို လည်းကောင်း၊ ဦးထွန်းရီက ရွှေခွက်ပုံသဏ္ဍန် ရွှေပြားအဝိုင်း (အကောင်း+အပဲ့) ၃၄၈ ခု၊ ရွှေပြား အရှည်(အကောင်း+ အပိုင်းအစ) ၁၂ ခု ကို လည်းကောင်း တွေ့ရှိခဲ့ကြ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ မော်လမြိုင်ဌာနခွဲမှ တစ်ဆင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (နေပြည်တော်)သို့ အပ်နှံခဲ့သည့်အတွက် ဦးစီးဌာနရှိ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးကာ ကာလ တန်ဖိုး၊ ခေတ်ကာလတန်ဖိုး တွက်ချက်၍ ရှေးဟောင်းပစ္စည်း အပ်နှံသူများကို ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရ သည်။

ရှေးဟောင်း ရွှေထည်ဝတ္ထုပစ္စည်းများ အပ်နှံသူများ ဖြစ်သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာ- ကော့စံကျေးရွာမှ ဆရာတော် အရှင်သာသနရက္ခိတကို ဆုကြေး ငွေကျပ်၂၂၄၈၆၆၇၈ နှင့် ဂုဏ်ပြုမှတ် တမ်းလွှာအား လည်းကောင်း ၊ ကျိုက္ကသာ- ကော့စံကျေးရွာ ၄ ရပ်ကွက်နေ ဦးထွန်းရီ ဆုကြေး ငွေကျပ် ၁၂၅၈၈၁၉၆၁ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ တွေ့ရှိသည် ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်း များကို တာဝန်သိသိလာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ ကာလတန်ဖိုး အပြင် ရှေးဟောင်းလက်ရာ တန်ဖိုး၊ ခေတ်ကာလတန်ဖိုးများပါ ထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းထိန်းသိမ်း လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.