Connect with us

Culture & Entertainment

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရုပ်ရှင် ဇာတ်ကား ၇ ကားမှ ထူးချွန်ဆုပေါင်း ၁၀ ဆု ချီးမြှင့်


ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအဖြစ် ၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့မတ် ၁၈ ရက်တွင် ကျင်းပခဲ့ရာ အကောင်းဆုံး ရုပ်ရှင်အထူးဆု အပါအဝင် ရုပ်ရုင်ဇာတ်ကား ၇ ကားမှ ထူးချွန်ဆု ၁၀ ဆု ပေးအပ် ချီးမြှင့်ခဲ့သည်။

၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံး ရုပ်ရှင် အထူးဆုအား မနောမြေမှကျောက်စိမ်းကမ္ဘာ ဇာတ်ကားဖြင့် မိုးမြန်မာ မီဒီယာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခဲ့သည်။ထို့အတူ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအဖြစ် အုတ်ကြား မြက်ပေါက် ရုပ်ရှင်ဇာတ်ကားမှ ရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆုအား ညွန့်မြန်မာ ညီညီအောင်က အုတ်ကြားမြက်ပေါက် ဇာတ်ကားဖြင့် ရရှိခဲ့သည်။အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အား ထွန်းထွန်းက အုတ်ကြားမြက်ပေါက် ဇာတ်ကားဖြင့် လည်းကောင်း ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအား သက်မွန်မြင့်ကချစ်လှစွာသောအမုန်း ဇာတ်ကားဖြင့်လည်းကောင်း ၊အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အား လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေ ဇာတ်ကားဖြင့် လည်းကောင်း အသီးသီး ရရှိခဲ့သည်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိသူ သက်မွန်မြင့်အား တွေ့ရစဉ်(ဆင်ဟွာ)

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိသူထွန်းထွန်းက “ကျွန်တော် အရမ်း ဝမ်းသာပါတယ်။အရမ်းလဲ ပျော်ပါတယ်။ရက်ပ် သီချင်းတွေ ဆိုတဲ့ ဂီတသမား တစ်ယောက် အနေနဲ့ အခုလိုအကယ်ဒမီဆုကိုပထမဆုံးအကြိမ် ဆွတ်ခူး ရတဲ့အတွက် Amazing ပါ။”ဟု ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရှင် သက်မွန်မြင့်က”အရမ်းကို ပျော်ပါတယ်။သက်မွန် ချစ်တဲ့ ပရိသတ်တွေ ၊သက်မွန်ကို ရစေလိုတဲ့သူတွေ ဆန္ဒပြည့်ဝသွားတဲ့ အတွက် အတိုင်းမသိကို ပျော်ပါတယ်။”ဟု ပြောကြားခဲ့သည်။ထို့အပြင် ရုပ်ရှင်အတတ်ပညာဆုများ အဖြစ်အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု အား မောင်မြင့် ၊ အေးမင်း ၊အငယ်လေး တို့က လူးရတနာသိုက် ဇာတ်ကား ဖြင့် လည်းကောင်း ၊ အကောင်းဆုံးရုပ်ရှင် အသံဆု အား ကြည်မင်းသိန်း က မှော်ကျောက်စာ ဇာတ်ကား ဖြင့် လည်းကောင်း ၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု အား ဉာဏ်ဝင့် က ဧဒင်ရဲ့နတ်သမီး ဇာတ်ကားဖြင့်လည်းကောင်း၊အကောင်း ဆုံးရုပ်ရှင်တေးဂီတဆုအား ဓိရာမိုရ် က လူးရတနာသိုက် ဇာတ်ကားဖြင့် လည်းကောင်း အသီးသီး ရရှိခဲ့သည်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ထူးချွန်ဆု ရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၃၃ ကားအထိ ရှိခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအဖြစ် ၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားအား အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူ ၊ ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် ၊ မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ နာယက ဖြစ်သူ စည်သူ ဦးဘိုကလေး တင့်အောင် နှင့် ဥက္ကဋ္ဌ ဖြစ်သူ ဦးလူမင်း တို့က ဖွင့်လှစ် ပေးခဲ့သည်။၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် နိုင်ငံပြည်သူများလိုလားတောင့်တနေသည့် ငြိမ်းချမ်းရေး၊ညီညွတ်ရေး နှင့် တိုးတက်ရေးကို ဝန်းရံပေးကြရန် ၊ ပြည်သူများ အကြားတွင် မေတ္တာတရားများ တိုးတက် ဖြစ်ပေါ်လာအောင် ၊အပတ်တကုတ် ကြိုးစားလိုစိတ်များ တိုးပွား လာအောင် ၊ နိုင်ငံတကာကို ရင်ဘောင်တန်း နိုင်အောင် တတ်နိုင်သည့် ဘက်မှ ပံ့ပိုး ကူညီပေးကြရန် တိုက်တွန်းခဲ့သည်။

ထို့အတူ အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း တို့က ရုပ်ရှင်လောက သမိုင်းကြောင်းများ ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများအား အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရုပ်ရှင် နှစ် ၁ဝဝ ဆီသို့ ဟူသည့် ခေါင်းစဉ်ဖြင့် မြန်မာ့ရုပ်ရှင် စတင်ခဲ့သည့်ခေတ်မှ ခေတ်အဆက်ဆက် ရုပ်ရှင်ဇာတ်ဝင်တေး များကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး သရုပ်ဆောင်သင်တန်းဆင်းများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.