Connect with us

Culture & Entertainment

Myanmar Idol Season-2 ပြိုင်ပွဲတွင် သားငယ်အနိုင်ရရှိ

အနိုင်ရရှိသည့် သားငယ်အား ဆုနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Idol)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကျင်းပသည့် မြန်မာအိုင်ဒေါ (Myanmar Idol Season-2 )အဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နံပတ် ၂ အနေဖြင့် ယှဉ်ပြိုင်ခဲ့ သည့် သားငယ်သည် နောက်ဆုံးပြိုင်ပွဲ တွင် အနိုင်ရရှိ၍ Winner အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။

Myanmar Idol Season-2 ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကို Hexagon Complex တွင် ကျင်းပပြီး MNTV ရုပ်သံလိုင်း မှ 25.3.2017 ( စနေနေ့ ) ည (7:30) အချိန်တွင် တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသခဲ့သည်။ First Runner Up ဘီလီလမင်းအေး၊ Second Runner Up အဖြစ်ပိုးမီတို့မှ ရရှိခဲ့သည်။

ဘီလီလမင်းအေး နှင့် သားငယ်တို့အား စောလားထောဝါးမှ လာရောက်အားပေးစဉ် (ဓာတ်ပုံ– Myanmar Idol)

Hibird band / audio engineer နှင့်အတူ Music Director/ Vocal coach တို့ နှင့်အတူ ဆန်ခါတင် ၈ယောက် အားတွေ့ရစဉ် (ဓာတ်ပုံ– Myanmar Idol)

၎င်းအဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆန်ခါတင်အဆင့်ဆင့်ရွေးချယ်ခဲ့ပြီးနောက် ဒိုင်များမှ နောက်ဆုံး ဆန်ခါတင် ၁၀ ယောက်အားရွေးချယ်ပေးခဲ့ပြီး ထို ဒိုင်များ ရွေးချယ်ခဲ့သည့် အဆိုပြိုင်ပွဲဝင်သည့် ၁၀ ယောက်အား ပရိသတ်မှ မဲပေး၍ အဆင့်ဆင့် ရွေးချယ်ခဲ့ရာ ဆန်ခါတင် ၃ ဦးအဖြစ် သားငယ်၊ပိုးမီ နှင့် ဘီလီလမင်းအေးတို့ရွေးချယ်ခံခဲ့ရသည်။ ထိုဆန်ခါတင် ၃ ယောက်ထဲက မှ သားငယ်နှင့် ဘီလီလမင်းအေးတို့ ရွေးချယ်ခံခဲ့ရပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် သားငယ်မှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သားငယ်အနေဖြင့် ပြိုင်ပွဲတလျှောက်လုံးတွင် Bottom 3 ထိုင်ခဲ့ရခြင်း မရှိခဲ့ပေ။ တစ်နိုင်ငံလုံးမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည့် Myanmar Idol Season 2 တွင် အနိုင်ရရှိခဲ့သည့် သားငယ်အနေဖြင့် Idol သိန်း ၂၀၀ + ပန်တင်း မှ ကျပ်သိန်း ၁၀၀ နှင့် အမ်ပီတီ၁၀ သိန်း ၊Huawei GR5 (2017), ရွှေဒင်္ဂါး ၊Star City တွင် ၃ လ အခမဲ့နေထိုင်ခွင့်၊Maybelline အလှကုန် တစ်နှစ်စာသုံးစွဲခွင့်၊ Ford Myanmar (ဖို့စ်မြန်မာ) ကားသစ်တစ်စီး နှင့် Sky Net (MNTV) ရွှေသံလွင်မီဒီယာ မှ ချီးမြှင့်သည့် ကျပ်သိန်း ၁၀၀ ရရှိခဲ့သည်။

First Runner Up ရရှိခဲ့သည့် ဘီလီလမင်းအေး အနေဖြင့်

ပန်တင်းမှ ချီးမြှင့်သည့် ကျပ်သိန်း၇၀ နှင့် MPT ၅ သိန်း ၊Huawei GR5 (2017)၊ ရွှေဒင်္ဂါး ၊

Maybelline ခြောက်လစာသုံးစွဲခွင့် Sky Net (MNTV) ရွှေသံလွင်မီဒီယာ မှ ချီးမြှင့်သည့် ကျပ်သိန်း ၅၀ ရရှိခဲ့သည်။ Second Runner Up ရရှိခဲ့သည့် ပိုးမီ အနေဖြင့်

Sky Net (MNTV) ရွှေသံလွင်မီဒီယာ ကျပ်၂၅ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

Pantene Wild Card Winner ဇင်ကြီး အား ပန်တင်းမှ ချီးမြှင့်သည့် ကျပ်သိန်း ၅၀၊

Sky Net (MNTV) ရွှေသံလွင်မီဒီယာ က ၁၀ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း၊ တခြား Top Ten စာရင်းဝင်သူများအား Sky Net (MNTV) ရွှေသံလွင်မီဒီယာ အနေဖြင့် ကျပ်၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် မြန်မာအိုက်ဒေါပြိုင်ပွဲတွင် စောလားထောဝါး မှ အနိုင်ရရှိခဲ့ပြီး First Runner Up အဖြစ် အမ်ဇော်ရိမ် ၊ Second Runner-up နင်ဇီမေတို့ အနိုင်ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.