Connect with us

Culture & Entertainment

ပထမအကြိမ် တရုတ် – မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်မှ ရလဒ်ကောင်းများ ရရှိနိုင်

ပထမအကြိမ် တရုတ် - မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် သတင်းစာရှင်လင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

နေပြည်တော်၊ MICC II တွင် မတ်လ ၁ ရက်နေ့၌ ကျင်းပမည့် “ပထမ အကြိမ် တရုတ် – မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်”မှ ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်သည်ဟုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး သံမှူးးMr. Yang Shouzheng က ထို ဖိုရမ်အကြောင်း နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ကျောက်စိမ်း ခန်းမတွင် ယနေ့ပြုလုပ်သည့် အကြို ပူးပေါင်းသတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“အခု ကျင်းပမယ့် ဖိုရမ်ကနေ ရလဒ်ကောင်းတွေ ထွက်ရှိလာနိုင်ပါတယ်။ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ လူနေမှုတွေ မြင့်မားလာမယ်၊ အတွေးအခေါ်တွေ ပြောင်းလဲလာမယ်၊ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ စရိတ်နဲ့စင်္ကာပူနဲ့ထိုင်းအထိ သွားရောက် လည်ပတ်နိုင်မယ်၊ တရုတ်နိုင်ငံဘက်မှာလည်း ကုန်ကျစရိတ်နည်းနည်း နဲ့ သွားရောက် လည်ပတ်နိုင်တဲ့ နေရာတွေ ရှိနေပါတယ်။ တရုတ် -မြန်မာနှစ်နိုင်ငံဟာ ဟန်ခေတ်က စပြီး ချစ်ကြည် ရေး စတင်ခဲ့တာပါ။ ပထဝီ အနေအထားအရ ထိစပ်နေမှု၊ ယဉ်ကျေးမှုချင်း နီးစပ်သလိုရုပ်ချင်းလည်းဆင်ကြပါတယ်။

ပထမအကြိမ် တရုတ် – မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် သတင်းစာရှင်လင်းပွဲကျင်းပနေသည့်မြင်ကွင်း (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်လက် တိုးတက်မြှင့်တင်ဖို့ကို အဓိကထား ဆောင်ရွက်နေပါတယ်။ အခုလို ဖိုရမ်တွေ လုပ်ရတာက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ရေးမှာ တရုတ်နိုင်ငံက ဘယ်လို ပံ့ပိုး ကူညီ သွားနိုင်မလဲ ဆိုတာ သိနိုင်အောင်လို့လုပ်ရခြင်း ဖြစ်ပါတယ်” ဟု Mr. Yang Shouzheng က ပြောခဲ့သည်။ တို့အပြင် တရုတ်နိုင်ငံသည် တံခါးဖွင့် ဝါဒကို ကျင့်သုံးလာခဲ့သည်မှာအနှစ် သုံးဆယ် ရှိပြီးထိုသို့ကျင့်သုံးခဲ့သည့်အတွက် စီးပွားရေးမှာလည်း တိုးတက် မြင့်မားလာခဲ့ပါကြောင်း၊ ထို့အတူ ခရီးသွား လည်ပတ်လိုသူ ဦးရေလည်း မြင့်တက်လာရာ နှစ်စဉ် တရုတ်နိုင်ငံ၏ လူဦးရေ ၁၂၈ သန်းတို့သည် ခရီးသွားလာ လည်ပတ်လျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အကြိုသတင်းစာရှင်းပွဲကို ဦးဆောင်ကျင်းပသည့်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးးချုပ် ဦးတင့်သွင်က“ မြန်မာ့ ခရီးသွား ကဏ္ဍက တဖြည်းဖြည်း မြင့်မား တိုးတက်လာပါပြီ၊ အာဆီယံနိုင်ငံတွေကလာတဲ့ ဧည့်သည်တွေ သာမက နယ်မြေချင်း ဆက်စပ်နေတဲ့ တရုတ်နိုင်ငံက လာတဲ့ ဧည့်သည်တွေလည်း ရှိပါတယ်။

စည်းကမ်း စနစ်ကျတဲ့ တရုတ်ဧည့်သည် အရေအတွက် တိုးတက်လာဖို့ကိုလည်း ရည်ရွယ်ပါတယ်၊ မြန်မာနိုင်ငံသားတွေက အိမ်နီးချင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့အခါမှာလည်း နှစ်နိုင်ငံက ခရီးသွားလုပ်ငန်း စီစဉ်သူတွေ အကြားမှာအပြန်အလှန်ညှိနှိုင်းပြီး လည်ပတ်စရာကောင်းတဲ့ နေရာတွေ သိသွားဖို့လည်း ပါပါတယ်၊ ဒါက ပထမအဆင့် ဖြစ်ပါတယ်။

နှစ်ဘက် ခရီးသွားလုပ်ငန်း တွေက မြန်မာ – တရုတ် ခရီးစဉ်တွေ အပြန်အလှန် ရောင်းဝယ် နိုင်ရေးအတွက် ဈေးကွက် မြှင့်တင်တာ တွေ၊ စည်းရုံး ဖိတ်ခေါ်တာတွေ ဆက်လက်ဆောင်ရွက်တာက ဒုတိယ အဆင့် ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံး အကြိမ် အဖြစ် ကျင်းပမည့် “ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာ – တရုတ် နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် ပြည့်စုံ ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှု တွန်းအား (Tourism Cooperation _ New Impetus for China – Mynamar Comprehensive Strategic Cooperative Partnership)” ဖိုရမ်၏ ပထမနေ့ မတ်လ ၁ ရက်တွင် နယ်စပ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ လင်ချန်း – မဲခေါင်မြစ်တစ်လျှောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး တို့ကိုဆွေးနွေးမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များ တွေ့ဆုံပြီး မြန်မာ – တရုတ် ခရီးစဉ် များ အပြန်အလှန် ဝယ်ယူရေး ရောင်းချရေးများကို ဒုတိယနေ့ မတ်လ (၂) ရက်တွင် ဆောင်ရွက်ကြ မည်ဟု ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ခရီးသွားလာရေးဌာန၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်း ကျင်းပမည့် အဆိုပါ ဖိုရမ်သို့ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ တရုတ်နိုင်ငံ ခရီးသွားလာရေးဌာန ဒုတိယ ဝန်ကြီး Mr. Du Jiang , နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူးးMr. Chen Shun , မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Mr.Hong Liang တို့တက်ရောက်ကြမည် ဖြစ်ပြီး နှစ်နိုင်ငံရှိ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သုံးရာခန့်တက်ရောက်ကြမည် ဖြစ်သည်။ဖိတ်ကြားထားသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ် သုံးရာခန့်တို့သည် နေပြည်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရောက်ရှိလာပြီး ဧည့်သည်များကို ဟို တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ညစာဖြင့် တည်ခင်းဧည့်ခံမည်ဟု သိရသည်။ (Xinhua)