Connect with us

Education & Health

ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ကို ကရင် နှင့် ကယား ပြည်နယ်များ၌် တိုးချဲ့ ဆောင်ရွက်ပေးမည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး နှင့် ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူများ တွေ့ ဆုံစဉ်(ဓာတ်ပုံ- Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ခု ဖြစ်သည့် ကိုယ်ဝန်ဆောင် မိခင် နှင့် ၎င်းမှ မွေးဖွားသော ကလေး အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုများ အနောက်ကျဆုံး ဖြစ်သော ချင်း ၊ နာဂ နှင့် ရခိုင် ပြည်နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယခုအခါ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် တိုးချဲ့ ဆောင်ရွက် ပေးမည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အသိပေး ပြောကြားခဲ့သည်။

ဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်သည့်အနေဖြင့် အကျိုးခံစားခွင့်အသက်ကို ယခင် အသက်(၉၀) နှစ်မှ ယခုနှစ်တွင် အသက်(၈၅)နှစ်ထိ လျှော့ချ၍ လူမှုရေးပင်စင်ကိုလစဉ် ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အတွက် ဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်ပြီးဖြစ်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းပြီး မသန်စွမ်းအဆင့် သတ်မှတ် နိုင်ရေး မဟာဗျူဟာ ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအတွက် စနစ်တကျ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို မူဝါဒများချမှတ် ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူများ နှင့် အောက်တိုဘာ ၈ ရက်တွင် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.