Connect with us

Education & Health

တိုင်းရင်းဆေးပညာရပ် တိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မည်ဟုဆို

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တိုင်းရင်းဆေးသုတေသနများ ပြုလုပ်မည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေများ ပံ့ပိုးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

တိုင်းရင်းဆေးပညာရပ် တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။တိုင်းရင်းဆေး ပညာလောကဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် အစွမ်းအာနိသင်ထက်မြက်ပြီး အန္တရာယ်ကင်း သောတိုင်းရင်းဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ဘက်ပေါင်းစုံသုံးသပ်အကြံပေးနိုင်ရန် အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ယင်း တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂ရက် နံနက် ၉ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Centre ၌ ကျင်းပခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် UK နိုင်ငံမှ Minister of State for International Development and Minister of State for the Middle East at the Foreign & Common Health Office Mr. Alistair Burt ဦးဆောင်သောအဖွဲ့နှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထွေထွေရောဂါဆေးကုသဆောင်၊ ဆီးချို နှင့်ဟော်မုန်းရောဂါအထူးကုသဆောင်၊ အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဆောင်၊ ဓာတ်မှန်ဌာန၊အရေးပေါ်နှင့် ပြင်ပလူနာဌာနတို့အား ကြည့်ရှုပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးကြသည်။အဆိုပါတိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ကို ၂၀၁၇ ခုနှစ် ဇွန် ၉ရက်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.