Connect with us

Education & Health

ဘူးသီးတောင်နှင့် မောင်တောမြို့တို့ရှိ အခြေခံပညာကျောင်း ၁၂ ကျောင်း အဆင့်တိုးမြှင့်

စာသင်ခန်းအတွင်း စာသင်နေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ အခြေခံပညာ ကျောင်းပေါင်း ၁၂ ကျောင်း ကို အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် မောင်တောမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းလွန်ကျောင်း အဖြစ်သို့တစ်ကျောင်း၊ အခြေခံပညာ အထက် တန်းကျောင်းခွဲမှ အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ တစ် ကျောင်း စုစုပေါင်းကျောင်းနှစ်ကျောင်း အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ကိုယ်ထူကိုယ်ထ အခြေခံပညာ မူလတန်းကျောင်းခွဲမှ အခြေခံပညာ မူလတန်းကျောင်းအဖြစ်သို့ နှစ်ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်းခွဲမှ အခြေခံပညာ မူလတန်းကျောင်းအဖြစ်သို့ တစ်ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံ ပညာမူလတန်း လွန်ကျောင်းအဖြစ်သို့ တစ်ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ် တန်းကျောင်းခွဲအဖြစ်သို့ နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အခြေခံပညာ အလယ်တန်းကျောင်းသို့ နှစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ အခြေခံပညာ အထက်တန်းကျောင်းသို့ နှစ်ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၁ဝ ကျောင်း အဆင့်တိုးမြှင့်ပေးခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်၌ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သော ကျောင်းစုစုပေါင်း ၃ဝဝ ရှိပြီး အခြေခံပညာ အထက် တန်းကျောင်း ၂၁ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း ၈၈ ကျောင်း၊ အခြေခံပညာ အလယ် တန်းကျောင်းခွဲ ၅၇ ကျောင်း၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း ၇၁ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၂ဝ နှင့် အခြေခံပညာ မူလတန်းကျောင်း ခွဲ ၂၇ ကျောင်း တိုးမြှင့်ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.