Connect with us

Education & Health

သူနာပြု/ သားဖွားများ ဝင်ပေါက် ရာထူးနှင့် လစာနှုန်းထားများ ပြောင်းလဲမည်

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၄ ရက်မြောက်နေ့ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

သူနာပြုနှင့် သားဖွား ဆရာမများ၏ အလုပ်ဝင်ပေါက်(ပညာအရည်အချင်း)၊ ရာထူးနှင့် လစာနှုန်းထား များအား ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“သူနာပြုပညာအရည်အချင်းတွင် သူနာပြု ဒီပလိုမာနှငိ့် သူနာပြု သိပ္ပံဘွဲ ့ နှစ်မျိုးရှိပါတယ်၊ ပြည်သူ လူထု ကျန်းမာရေး စောင့်ရှောက်မှုအတွက် သူနာပြု သိပ္ပံဘွဲ့ (BNSc)တစ်ခုတည်းနဲ့ မရနိုင်ပါသဖြင့် သူနာပြု ဒီပလိုမာ သုံးနှစ် သင်တန်း ဖွင့်ပြီး သူနာပြုများကို ဆက်လက်မွေးထုတ်သင့်ပါတယ်၊ သူနာပြု သားဖွား ဒီပလိုမာမှ သူနာပြု သိပ္ပံဘွဲ့(ပေါင်းကူး)၊ သူနာပြု ပါရဂူဘွဲ့များသို့ အဆင့်ဆင့် ပညာ ဆည်းပူး နိုင်ပါတယ်၊ ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျပြီး အရေးပါလှသော ဝန်ထမ်း အမျိုး အစား ဖြစ်တဲ့ သူနာပြု သားဖွား လောကကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သူနာပြုများအတွက် စားစရိတ်အတွက် တစ်လ နှစ်သောင်းကျပ်၊ ဝတ်စုံဖိုးအတွက် တစ်နှစ် နှစ်သောင်းကျပ် ထုတ်ပေးမည့် အစီအစဉ်များ ပါဝင်သည့် အဆိုပါ ပြုပြင် ပြောင်းလဲမှုများတွင် ဝင်ပေါက် ရာထူးနှင့် လစာနှုန်းထားများကိုလည်း ပြင်ဆင်မည်ဟု ၎င်းက ပြောသည်။

“ဘက်စုံ သားဖွား ဒီပလိုမာ ရထားတဲ့ သားဖွားဆရာမကို လက်ရှိ လစာ (ကျပ် ၁၅၀၀၀၀ – ၂၀၀၀ – ၁၆၀၀၀၀)ကနေ ၁၆၅၀၀၀ – ၂၀၀၀ – ၁၇၅၀၀၀ ကျပ်၊ သူနာပြု သိပ္ပံဘွဲ့ရထားတဲ့ သူနာပြုရဲ့ လက်ရှိလစာ (ကျပ် ၁၆၅၀၀၀ – ၂၀၀၀ – ၁၇၅၀၀၀)ကို ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀ ကျပ်အထိ တိုးဖို့စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။ အဆိုပါ နှုန်းထားများအတိုင်း တိုးမြှင့် ပေးရန် အစိုးရဖွဲ့သို့ စာတင်ထားပြီးဖြစ်ကြောင်းနှင့် ဇူလိုင် လဆန်းရက်များတွင် ခွင့်ပြုချက် ကျလာနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

သူနာပြုများ၏ အဆင့်ကို သတ်မှတ်ရာတွင် လက်ရှိရာထူး အခေါ်အဝေါ်များကို ပြောင်းလဲခေါ်ဝေါ် သွားမည်ဖြစ်ရာ လက်ရှိ သူနာပြု – ၁ (ပြည်သူ့ကျန်းမာရေးဆရာမကြီး) ကို ပြည်သူ့ ကျန်းမာရေး ဆရာမကြီး (Public Health Nurse) ဟုလည်းကောင်း၊ သူနာပြု – ၂ သူနာပြုဆရာမကြီး (Sister) ကို သူနာပြုအရာရှိ (Head Nurse) ဟုလည်းကောင်း၊ သူနာပြု – ၃ ၊ (အထက်တန်း သူနာပြု၊ သူနာပြု) ကို အထက်တန်း သူနာပြု (Staff Nurse) ၊ သူနာပြု (Trained Nurse) ဟုလည်းကောင်း၊ သူနာပြု – ၄ (သားဖွား အကူ သူနာပြု) ကို သားဖွား (Midwife) ဟုလည်းကောင်း၊ သူနာပြု – ၅ (ဆေးထည့်) ကို ဆေးထည့် (Dresser) ဟုလည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်သွားရန် အဆိုပြု တင်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.