Connect with us

Education & Health

နေပြည်တောင်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ပိုးသတ်ဆေးကျဲပက်ရာမှ ၄၃ ဦး မူးဝေအော့အန်၍ ဆေးရုံတက်ရောက်ကုသမှုဖြစ်ပွား

ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နေပြည်တောင်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ပိုးသတ်ဆေးကျဲပက်ရာမှ ၄၃ ဦး မူးဝေအော့အန်၍ ဆေးရုံတက်ရောက်ကုသမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ဝရး၀၀နာရီ အချိန် ပုဗ္ဗသီရိမြို့နယ် ဧက ၅၀၀ ညောင်ပင်စုစိုက်ကွင်း၌ ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာနေ ကျော်ဇေယျ(၃၁)နှစ် နှင့် နေ့စား အလုပ်သမား ၇၀ ဦးအနက် ၄၃ ဦး(ကျား ၃၃၊ မ ၁၀)တို့သည် ပေါင်းသတ်ဆေး/ပိုးသတ်ဆေးတို့အား သဲဖြင့်ရောစပ်၍ စပါးခင်းများတွင် ကျဲပက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျဲပက်ခဲ့ပြီးနောက် နံနက်၀၉း၃၀နာရီ အချိန်တွင် အလုပ်ခေတ္တနားစဉ် ပိုးသတ်ဆေး ကျဲပက်သူများထဲမှ ၂ ဦးမှာ မူးဝေသည့် ဝေဒနာခံစားခဲ့ရပြီး ဆက်လက်လုပ်ကိုင်နေစဉ် ပိုးသတ်ဆေး ကျဲပက်သူအားလုံး မူးဝေ/အော့အန်(မစိုးရိမ်ရ)ဖြစ်၍ မွန်းလွဲ၁၂း၄၅ နာရီ အချိန်တွင် ပျဉ်းမနားမြို့ ခုတင် ၂၀၀ ဆေးရုံ၌ တက်ရောက်ကုသခဲ့ရကြောင်း၊၎င်းတို့အနက် ညီညီထွန်း(၁၈)နှစ်နှင့် အတူကျား ၃ ဦးတို့မှာ ဆေးရုံဆင်းသွားကြောင်းနှင့် (ကျား ၃၀၊ မ ၁၀ )ဦးတို့မှာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.