Connect with us

Education & Health

မကွေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဆီသန့်စီမံချက် တစ်ရပ်ကို ၂၀၁၉ ဧပြီ ၁ ရက်မှစတင်လုပ်ဆောင်ရန် လျာထား

ဈေးကွက်အတွင်းမှ စားသုံးဆီ တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဆီသန့်စီမံချက် တစ်ရပ်ကို ၂၀၁၉ ဧပြီ ၁ ရက်မှစတင်လုပ်ဆောင်ရန် လျာထား ပြီး စားသုံးသူများအား မှန်မှန်ကန်ကန် သတင်းအချက်အလက် ပေးရေးနှင့် စားဆီတိုင်းတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အရာ များ မပါဝင်စေရန် ယင်းစီမံချက်က ရည်ရွယ်လုပ်ဆောင်မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရသည်။

စားသုံးဆီဈေးကွက်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဘေးကင်းလုံခြုံသော စားသုံးဆီများ ထုတ်လုပ်ရောင်းချလာရေး အတွက် တစ်နှစ်တာစီမံချက်တစ်ရပ် ရေးဆွဲပြီး လုပ်ဆောင် သွားရန်ရှိနေကြောင်း သိရသည်။

တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုသည်မှာ ကုန်စည်တွင် ထုတ်ဖော် ကြော်ငြာထားသည့်အတိုင်း ပဲဆီ/နှမ်းဆီဟု ရေးထားပါက ပဲဆီ/နှမ်းဆီ စစ်ရမည်ဖြစ်ကြောင်း၊ ရောဆီဖြစ်နေပါက ရော ထားသည့်အကြောင်းကို စားသုံးသူများထံ ပွင့်ပွင့်လင်းလင်း အသိပေးရောင်းချရမည်ကို ဆိုလိုကြောင်း၊ ယခုစီမံချက်တွင် ရွေ့လျားဓာတ်ခွဲခန်းများကို အသုံးပြု၍ စစ်ဆေးသွားမည်ဖြစ်ပြီး အရေးယူမှုများလည်း ပါဝင်လာမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.