Connect with us

Education & Health

မောင်တောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန သုံးခု စီစဉ်ထားဟုဆို

မောင်တောမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွင် စာပြန်လည်သင်ကြားနေသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန သုံးခု စီစဉ်ဆောင်ရွက်ပေးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၌ စာစစ်ဌာန သုံးခုသည် အထက(၁)တွင် နှစ်ခုနှင့် အထက(၂)တွင် တစ်ခု ထားရှိထားပြီး အထက(၁)ရှိ စာစစ်ဌာနနှစ်ခုတွင် တိုင်းရင်းသားများအတွက် စီစဉ်ထားပြီး အထက(၂) စာစစ်ဌာနတွင် ဘင်္ဂါလီကျောင်းသူကျောင်းသားများအတွက် စီစဉ်ထားကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်အောင် က ပြောသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူအရေအတွက်သည် စာစစ်ဌာနသုံးခု ပေါင်းလျှင် ၈၇၈ ဦးရှိပြီး ဖြေဆိုမည့် အရေအတွက် အနည်းငယ် အပြောင်း အလဲ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကာလ၌ ကျောင်းသား ကျောင်းသူများ လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနှင့် ဖြေဆိုနိုင်ရန် မှုခင်းကြိုတင် ကာကွယ်ဖို့ အတွက် မောင်တောမြို့မရဲစခန်းက တပ်ဖွဲ့ဝင်များအပြင် မောင်တောမြို့ နယ်အောက်မှာရှိ တောင်ပြိုရဲစခန်းက တပ်ဖွဲ့ဝင်များ ချထားပေးမည်ဖြစ်ကြောင်း

မောင်တောမြို့မရဲစခန်းမှူး ရဲမှူး သန့်ဇော်ဦးက ဆိုသည်။

မောင်တောမြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုနှုန်းသည်၂ဝ၁၆ ခုနှစ်က ၁၆ ဒသမ ဝ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်က ၉ ဒသမ ၉၉၉ ရာခိုင်နှုန်းရှိခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.