Connect with us

Education & Health

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်း ထောက်ပံ့မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် Gavi Board Meeting အမှာစကားပြောကြားစဉ်(ကျန်းမာရေးဝန်ကြီဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကို ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် Gavi အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာ (၁၂၃)သန်း ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် Gavi Board Meeting၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

Gavi အဖွဲ့အနေဖြင့် မြန်မာနိုင်ငံကို ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် ၂၀၁၂ခုနှစ်မှ စတင် ပံ့ပိုးလျက်ရှိရာ ၂၀၁၇ခုနှစ်ထိ အမေရိကန် ဒေါ်လာ ၁၁၇သန်းအထိ ပံ့ပိုးပေးခဲ့ပြီး ဆက်လက်၍ ၂၀၁၈ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၂၃သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၀ခုနှစ်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Gavi အဖွဲ့မှ ထောက်ပံ့ပေးနေသည့်နိုင်ငံများ၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို နှိမ်နှင်းရာတွင် ဆောင်ရွက်ပံ့ပိုးပေးသည့် အဖွဲ့အစည်းတစ်ခုတည်း ဘက်မှ လုပ်ငန်းများဆောင်ရွက်ပေးနေခြင်း မဟုတ်ဘဲ ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်းကို လက်ခံရရှိသူပြည်သူများဘက်မှလည်း ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်း၏ အကျိုးအာနိသင်များကို သိရှိရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.