Connect with us

Education & Health

ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်း စီမံချက် ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်မည်

ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ၏ လက်ရှိ ဖြစ်ပွားမှု အခြေအနေ အား ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ရေချိုခရုမှ တစ်ဆင့် ကူးစက်တတ်သော သံပြားကောင် ရောဂါ(Schistosomiasis) ကူးစက်မှု ထိန်းချုပ်ရေး အတွက် လုပ်ငန်း စီမံချက် တစ်ခု ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ရေး၊ ရောဂါရှာဖွေ ကုသရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ လိုအပ်သော ရောဂါရှာဖွေရေး ဓာတ်ခွဲပစ္စည်းများနှင့် ဆေးဝါးများတွက်ချက်၍ ဖြည့်တင်း ထားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) ၏ လက်ရှိ ဖြစ်ပွားမှု အခြေအနေအား ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရေချိုခရုမှ တစ်ဆင့် ကူးစက်တတ်သော သံပြားကောင် ရောဂါသည် ရခိုင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အချို့တွင် ဖြစ်ပွားမှုရှိနေပြီး ကူးစက် ပြန့်နှံ့ ဖြစ်ပွားမှု ပြဿနာ ကြီးထွားမှု မရှိခင် လိုအပ်သော ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန် အရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ထိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားသောနေရာဒေသများတွင်ယင်လုံအိမ်သာဆောက်လုပ်သုံးစွဲမှုနည်းပါးခြင်းကလည်းရောဂါကူးစက်ပျံ့နှံမှုကို ပိုမို ဖြစ်ပွား စေကြောင်း သိရသည်။

ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် ဦးစားပေး ကာကွယ် ထိန်းချုပ် ရမည့် ရောဂါ တစ်ခု ဖြစ်သဖြင့် ရောဂါပျံ့နှံ့ဖြစ်ပွားနေမှု အခြေအနေ အတိုင်းအတာကို သိရှိရန် အရေးကြီး ကြောင်း ၊ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှ စတင်ကူးစက်ဖြစ်ပွားလာသော ရောဂါဖြစ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၊ နှီးနွယ်ဌာနများနှင့် နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော် က ပြောကြားခဲ့သည်။

ထိုရောဂါသည် သန်ပြားကောင်တစ်မျိုးဖြစ်သော Schistosoma မျိုးစိတ်မှဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်း ပိုးကို ခရုများကတစ်ဆင့် သယ်ဆောင်လာကာ Schistosoma သန်ပြားကောင်ကို သယ်ဆောင်သည့် ခရုပေါက်ဖွား နေသော မသန့်ရှင်းသောရေ နှင့် ထိတွေ့မှုမှတစ်ဆင့် ကူးစက်စေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.