Connect with us

Education & Health

ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၂၃၄ မြို့နယ်တွင် အပိုဆောင်းထိုးနှံပေး 

ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဝက်သက်-ဂျိုက်သိုးနှင့် ပိုလီယို ကာကွယ်ဆေးကို နိုဝင်ဘာလ ၂၆ ရက်မှ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ် (၂၃၄) မြို့နယ်တွင် အပိုဆောင်းထိုးနှံပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဝက်သက်-ဂျိုက်သိုးနှင့် ပိုလီယို ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း မြို့နယ် (၉၆) မြို့နယ်၌ ထိုးနှံတိုက်ကျွေးခဲ့ပြီးလက်ရှိ ကျန်ရှိနေသော မြို့နယ်များသို့ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ဝက်သက်-ဂျိုက်သိုးနှင့် ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမည့် မြို့နယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာပေါင်း ၆၀၁ ရွာတွင် ကာကွယ်ဆေးထိုးနှံမည့် အဖွဲ့ ၆၇ ဖွဲ့ဖြင့် လျာထား ကလေးဦးရေ စုစုပေါင်း ၂၄,၄၇၈ ဦးအား   နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အတွင်း ဝက်သက်- ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များ သေဆုံးမှု ကို လျှော့ချနိုင်ရန်၊  ၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုး ရောဂါ ကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင် ပပျောက်ရေး ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်း/ ထိုးနှံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.