Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစျေးတွင်သံသယရှိဖွယ် အစားအသောက်များအား ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးထား

သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစျေးတွင် အစားအသောက်၊ ဆေးဝါး နှင့် အလှကုန်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့စဉ် (ဓာတ်ပုံ-- YRN FDA)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏစျေးမှ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များအား ရှောင်တခင်စစ်ဆေးခဲ့ပြီး ယင်းတို့ထဲမှ သံသယရှိဖွယ် အစားအသောက်များအား ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးထားကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။ 

(၁၈-၁၁-၂၀၁၉)ရက်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစျေးတွင် အစားအသောက်၊ ဆေးဝါး နှင့် အလှကုန်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မုန့်ဖတ်၊နန်းကြီး၊ညှပ်ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ ငါးပိ၊ လက်ဖက်၊ ပဲပြား၊ ပဲသွေးတို့တွင် ခွင့်မပြုဓါတုပစ္စည်းသုံးစွဲထားခြင်း ရှိ/မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ပေါ်တွင် ချက်ချင်းစစ်ဆေးခဲ့ပြီး ပဲသွေး(၁)မျိုးတွင် ခွင့်မပြုဓာတုပစ္စည်း ‘Formalin’ သုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် စျေးသည်အား ခံဝန်ကတိရေးထိုးခိုင်းကာ ပစ္စည်းအား သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း၊ ပင်ရင်းလုပ်ငန်းအား သွားရောက်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြား သံသယရှိဖွယ် အစားအသောက်များအား ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးထားပါကြောင်း သိရသည်။ 

သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစျေးတွင် အစားအသောက်၊ ဆေးဝါး နှင့် အလှကုန်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့စဉ် (ဓာတ်ပုံ– YRN FDA) 

ထို့ပြင် ဆေးဝါးဆိုင်များ၊ အလှကုန်ဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ရာ ဆေးဆိုင်များတွင် မြန်မာနိုင်ငံမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများနှင့် အလှကုန်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်သော အလှကုန်များအား တွေ့ရှိရ၍ သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် အစားအသောက်/ဆေးဝါးရောင်းချသူများအား အစားအသောက်များတွင် အသုံးမပြုသင့်သော ခွင့်မပြုဆိုးဆေး၊ ခွင့်မပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ဆေးဝါးများနှင့်ပတ်သက်၍ သတိပြုသည့်အချက်များ နှင့် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်ကြည့်ရှုနည်းအားလည်းကောင်း၊ အလှကုန်များနှင့်ပတ်သက်၍ သတိထားရမည့်အချက်များအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး စျေးတွင် အသိပညာပေး ဗီနိုင်းများ ကပ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)