Connect with us

Education & Health

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မတ်လ ၇ ရက်တွင် စတင် ကျင်းပမည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ထွက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၇ ရက်မှ စတင်၍ ဘာသာရပ် အလိုက် မတ်လ ၁၆ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ စာစစ် ဦးစီး ဌာနမှ ဒီဇင်ဘာ ၁၈ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။

ဘာသာရပ်များ အလိုက် မြန်မာစာ ဘာသာအား ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်တွင် လည်းကောင်း ၊ အင်္ဂလိပ်စာ ဘာသာအား မတ်လ ၈ ရက်တွင် လည်းကောင်း ၊ သချာၤ ဘာသာအား မတ်လ ၉ ရက်တွင် လည်းကောင်း ၊ ဓာတုဗေဒ ဘာသာ နှင့် စိတ်ကြိုက် မြန်မာစာ ဘာသာများအား မတ်လ ၁၂ ရက်တွင် လည်းကောင်း ၊ ရူပဗေဒ ဘာသာအား မတ်လ ၁၃ ရက်တွင် လည်းကောင်း ၊ ဇီဝဗေဒ ဘာသာ နှင့် ဘောဂဗေဒ ဘာသာများအား မတ်လ ၁၄ ရက်တွင် လည်းကောင်း ၊ ပထဝီဝင် ဘာသာအား မတ်လ ၁၅ ရက်တွင် လည်းကောင်း ၊ သမိုင်း ဘာသာအား မတ်လ ၁၆ ရက်တွင် လည်းကောင်း နေ့ရက်များ အလိုက် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ကျင်းပ သွားမည် ဖြစ်သည်။

ယခု ၂၀၁၇ ခုနှစ်တွင် ကျင်းပ ပြီးစီးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူ ကျောင်းသားပေါင်း ၇၁၆,၁၈၈ ရှိခဲ့ပြီး ၊ ၂၄၂,၇၃၆ အောင်မြင်ခဲ့ရာ၊ ရာခိုင်နှုန်းအားဖြင့် ၃၃.၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.