Connect with us

Education & Health

လူငယ်ထုအတွင်း ကျန်းမာရေးအသိ မြင့်မားရန် မိုဘိုင်းဖုန်းဖြင့် စတင်ဆောင်ရွက်မည်

ကျန်းမာရေး ဆိုင်ရာ Mobile Application စတင် မိတ်ဆက်ပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း အဖွင့်မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ )

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

လူငယ်ထုအတွင်း ကျန်းမာရေး အသိပညာ မြင့်မားစေဖို့အတွက် နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ‘အချစ်ပုစ္ဆာ ဘဝ အဖြေရှာ (Love Question, Life Answer) Mobile Application စတင် မိတ်ဆက်ပွဲ’ အခမ်းအနားတွင် ပြောကြားခဲ့ သည်။

“လူငယ်ဆိုတဲ့ အတိုင်း သူ့သဘာဝ အလျောက် လေ့လာ စူးစမ်းရင်းကနေ လမ်းမှားကို ရောက်မသွားအောင် ကြိုတင်ကာကွယ်ပေးကြဖို့ လိုပါတယ်၊ အခြေခံ အနေနဲ့ကတော့ လူငယ်ထုအတွင်း ကျန်းမာရေး အသိပညာ မြင့်မားစေဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) တို့ ပူးပေါင်း စီစဉ်သည့် ‘အချစ်ပုစ္ဆာ ဘဝ အဖြေရှာ Mobile Application စတင် မိတ်ဆက်ပွဲ’ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

UNFPA Rept. Ms. Janet Jackson အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ကျန်းမာရေး ဆိုင်ရာ Mobile Application စတင် မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပြခန်းငယ်အား လှည့်လည် ကြည့်ရှုကြစဉ် (ဆင်ဟွာ)

ပြခန်းငယ်အား လှည့်လည် ကြည့်ရှုကြစဉ် (ဆင်ဟွာ)

မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

သုတေသန တွေ့ရှိချက်များအရ ဆယ်ကျော်သက် လူငယ်များတွင် ကိုယ်ဝန်ဆောင်မှု မွေးဖွားမှုများ မြင့်တက် လာခြင်း၊ HIV / AIDS ဆိုင်ရာ ဗဟုသုတ နည်းပါးနေခြင်း၊ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ရှိနေခြင်း တို့သည် အဓိက စိန်ခေါ်မှုများ အဖြစ် ရှိနေပြီး ဝိုင်းဝန်း ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေကြောင်း၊ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရန် ခက်ခဲသည့် ကျေးလက်ဒေသ ဝေးလံ ခက်ခဲ ဒေသများနှင့် ကျောင်းပြင်ပ လုပ်ငန်းခွင် အတွင်းရှိ လူငယ်များကို ဦးစားပေး အနေဖြင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် အမြဲတမ်း အတွင်းဝန်က “လူငယ်တွေမှာ ဖြစ်တတ်တဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ထုံးစံအရ မိသားစု အတွင်းမှာ၊ ဆရာနဲ့ တပည့်ကြားမှာ၊ ကျန်းမာရေး ဝန်ထမ်းများနဲ့ပါ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်၊ ဒီအခက် အခဲတွေကို ကျော်လွန်ပြီး လူငယ်ထု လက်ထဲကို သတင်းအချက်အလက်မှန်တွေ ရောက်ရှိသွားဖို့အတွက် အခုလို မိုဘိုင်း ဖုန်းကတစ်ဆင့် ပညာပေး အစီအစဉ်တွေကို ဆောင်ရွက်ရတာပါ” ဟုလည်း ပြောခဲ့သည်။

အဆိုပါ အချစ်ပုစ္ဆာ ဘ၀ အဖြေရှာ Mobile Application ကို www.tiny.cc/unfpa , www.lovequestionlifeanswer.org , www.lqla.org , www.facebook.com/lovequestionlifeanswer တို့တွင် down load ဆွဲပြီး ရယူနိုင်ကြောင်း သိရသည်။

နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ယနေ့ နံနက် ကျင်းပသော အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန တို့မှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) မှ ဌာနေကိုယ်စားလှယ် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ၊ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများ၊ ကျန်းမာ ဖွံ့ဖြိုးမှု ဆိုင်ရာ လူငယ် ရိပ်မွန်များမှ ကိုယ်စားလှယ်များ၊ သူနာပြု သင်တန်းကျောင်းနှင့် သားဖွား သင်တန်းကျောင်းများမှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က အဖွင့် မိန့်ခွန်း ပြောအပြီးတွင် UNFPA Rept. Ms. Janet Jackson က အမှာစကားပြောကြားခြင်း၊ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်း၊ ချစ်ရေး ချစ်ရာ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး မိုဘိုင်း အက်ပ် ပြခန်းငယ်အား ကြည့်ရှုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.