Connect with us

Education & Health

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာပေညီလာခံ (၂၀၁၇) သို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာပေညီလာခံ (၂၀၁၇) သို့ ပေးပို့သော သဝဏ်လွှာအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာစာပေအဖွဲ့အစည်း (၁၁) ခုက ဦးဆောင်စီစဉ် ကျင်းပသည့် စာပေ ညီလာခံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာအတွင်း တိုင်းပြည်တစ်ပြည်၏ စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကြီးမားစွာ အထောက်အကူပြုနိုင်သည်ဟု ယုံကြည်ခြင်းဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တသည့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အတွက် ပြည်သူများနှင့် အတူ လက်တွဲဆောင်ရွက်နေချိန်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုများအမျိုးမျိုးကိုလည်း ကျော်လွှားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ နိုင်ငံအနှံ့အပြားက စာပေပညာရှင် တစ်ထောင်ကျော် တက်ရောက်ပြီး ခေါင်းစဉ်ပေါင်း (၅၀) ကျော်နဲ့ ဆွေးနွေးကြမယ့် စာပေညီလာခံကြီးမှာ “လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ” ဆိုတဲ့ ညီလာခံဆောင်ပုဒ်နဲ့အညီ စာပေပညာရှင်တို့ လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်ကြပြီးနောက်မှာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဲဒီက တစ်ဆင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးမယ့် လုပ်ငန်း လမ်းညွှန်များ၊ အစီအစဉ်ကောင်းများ ချမှတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ မြန်မာပြည်သူအများ လိုလားတောင့်တသော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တစ်နိုင်ငံလုံး ကြိုးပမ်းဆောင်ရွက် ကြရာတွင် စာပေပညာရှင်များအနေနှင့်လည်း မိမိတို့၏ အနုပညာ၊ အတတ်ပညာ စွမ်းအား များနှင့် ထိရောက်စွာ ဝိုင်းဝန်းပါဝင်ရေးအတွက်ပါ ဦးဆောင် လမ်းပြပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၎င်းက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.