Connect with us

Education & Health

၂၀၁၉ ခုနှစ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃,၀၀၀ကျော်နှင့် သေဆုံးသူ ၁၂၃ ဦး ရှိဟုဆို 

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပြ ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-ကျန်းမာရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ  ဖြစ်ပွားသူ ၂၃,၀၀၀ကျော်ရှိပြီး သေဆုံးသူ ၁၂၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်နေ့ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃,၂၀၃ ဦးရှိကြောင်းနှင့် သေဆုံးသူ ၁၂၃ ဦးရှိကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သိရပြီး ကချင်ပြည်နယ်တွင် ၄,၂၂၂ဦး ဖြစ်ပွားကာ ၃၀ ဦး သေဆုံးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂,၈၀၄ ဦးဖြစ်ပွားကာ ၃၃ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါ သယ်ဆောင်လာသည့် ခြင်ကျားအကိုက်ခံရခြင်းမှ ကူးစက်နိုင်ပြီး ယင်းရောဂါသည် မိုးရာသီတွင် အဖြစ်များသော်လည်း တစ်ချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် တစ်နှစ်ပတ်လုံးဖြစ်ပွားတက် ကြောင်းသိရသည်။(Xinhua)