Connect with us

Education & Health

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် စာရင်း သွင်းထားသူ ကိုးသိန်းကျော်ရှိ

၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီး ထွက်လာ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုရန်  စာရင်းသွင်းထားသူ ဉီးရေ စုစုပေါင်း ၉၇၀,၂၁၅ ဦး ရှိကြောင်း ၊ ယင်းတို့အနက် အများဆုံးအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲတွင် ဝင်ရောက် ဖြေဆိုရန် ၅၈၂,၁၄၉ ဦး နှင့် အနည်းဆုံးအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာ ဘာသာတွဲတွင် ၁ ဉီးဖြင့် အသီးသီးရှိနေကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုမည့် စာရင်းသွင်းဦးရေတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲ တွင် ၅၈၂,၁၄၉ ဦး ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာတွဲ တွင် ၁၇၃,၂၀၅ ဦး ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲတွင် ၁၀ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာ ဘာသာတွဲတွင် ၁ ဦး ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သမိုင်း ဘာသာတွဲတွင် ၅၄၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲတွင် ၂၁၁,၁၂၄ ဦးနှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင် ဘာသာတွဲတွင် ၃,၁၈၅ ဦး ရှိကြောင်း သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်မှ စတင်၍ မတ်လ ၂၀ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)