Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ချီဗွေမြို့၏ အနောက်-အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာ တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁)ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ချီဗွေမြို့၏ အနောက်-အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာ တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၂)မိနစ်၊ (၄၃) စက္ကန့် အချိန်တွင် မြောက်လတ္တီတွဒ် (၂၅.၈၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)