Connect with us

Environment, Disasters & Accidents

ဆမ်ဆောင်း ဆားဗစ်စင်တာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်

မီးလောင်ကျွမ်းခဲ့သော ဆမ်ဆောင်း ဆားဗစ်စင်တာအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းနှင့် ဆားဗစ်စင်တာရှိ စတိုနှင့် အိမ်သာခန်းအပေါ်တွင် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဆမ်ဆောင်း ဆားဗစ်စင်တာသည် မေ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ အဲကွန်းနှင့် လျှပ်စစ်မီးများ သွယ်တန်းထားသော ဝါယာကြိုးများ ပေါ်တွင် TV ပစ္စည်းအဟောင်းများ စုပုံထားရှိရာမှ လျှပ်စစ်ကြိုးတွင် ဒဏ်ဖြစ်၍ အပူလွန်ကဲရာမှ စတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆမ်ဆောင်းအမျိုးအစား အဲကွန်းတစ်လုံး၊ TV ပစ္စည်းအဟောင်းများနှင့် စက္ကူကတ်ထူပုံးများ မီးလောင်သွားကြောင်း၊ ယင်း မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ကွပ်ကဲမှုယာဉ်သုံးစီး၊ အထောက်အကူပြုယာဉ် သုံးစီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၉၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၃ မိနစ်တွင် မီးငြှိမ်းသတ်နိုင် ကြောင်း သိရသည်

ယင်း မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်မန်နေဂျာအား အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.