Connect with us

Environment, Disasters & Accidents

တိုင်းဒေသ ကြီး နှင့် ပြည်နယ် အချို့ တွင် မတ် ၂၁ ရက် မှ ၂၄ ရက် အတွင်း လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

၂၀၁၇ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ နယ်၌ လေပြင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) 

တိုင်းဒေသ ကြီး နှင့် ပြည်နယ် အချို့ တွင် အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် မတ် ၂၁ ရက် မှ ၂၄ ရက် အတွင်း အချိန်အခါမဟုတ် မိုးရွာခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က မတ် ၁၉ ရက်တွင် ဆင်ဟွာသို့ပြောသည်။

ဦးလှထွန်းက “အပူချိန်မြင့်တက်လာတဲ့အခါ  နောက်က ဖြစ်လာတဲ့ မိုးလေဝသ ဖြစ်စဉ်တွေဖြစ်တဲ့ လေပြင်းတိုက်တာ၊ မြန်မာနိုင်ငံမြောက်ပိုင်း မှာ မိုးသီးကြွေတာတွေ ဖြစ်လာတတ်တယ်။ အဓိကက လေပြင်းတိုက်တာပေါ့။ ဒေသတော်တော်များများက လေပြင်းဒဏ် ကို နွေရာသီရောက်တိုင်း ခံရလေ့ ရှိလို့ ပြည်သူတွေအနေနဲ့ လေပြင်းဒဏ်ကို ဂရုပြု ကာကွယ်စေချင်ပါတယ်။’’ ဟုပြောသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့တွင် မတ် ၂၁ ရက် မှ ၂၄ ရက် အတွင်း နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အတွက် မိုးဇလ ၏ ထုတ်ပြန်ချက်များ အားစဉ်ဆက်မပြတ်စောင့်ကြည့်ရန် ဦးလှထွန်းက အကြံပြုချက်ပြောကြားသည်။  (Xinhua)