Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး ပုသိမ် – မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက် ၂ ဦးသေ ၈ဦး ဒဏ်ရာရ

ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာကားလမ်းတွင် ယနေ့ (မတ် ၁၂ ရက်)နံနက် ၆ နာရီခန့်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာလူ ၂ ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဆရာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်ခရီးသည်(၈)ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ယင်း  လင်ခရူဇာအမျိုးအစား ဘုရားဖူး ယာဉ်ပေါ်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မဟာဓမ္မရံသီကျောက်တိုက် ဆရာတော် တစ်ပါး အပါအဝင် (၁၀)ဦး လိုက်ပါစီးနင်းလာကြောင်း၊ အဆိုပါ ဘုရားဖူးယာဉ်သည် ရွှေစက်တော်ဘုရားဖူးပြီး ပုသိမ် – မုံရွာကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် ယာဉ်တိုက်လော့ပြုတ်ကာ လမ်းဘေးချောက်ထဲသို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား မဆင်မခြင် မောင်းနှင်မူဖြင့်ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။   (Xinhua)