Connect with us

Environment, Disasters & Accidents

ပုသိမ်-ရန်ကုန်ကားလမ်းတွင် ခရီးသည်ယာဉ် အရှိန်လွန် တိမ်းမှောက်ကာ လူ ၃ ဦး သေဆုံး

တိမ်းမှောက်ခဲ့သည့် ခရီးသည်ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်း မြို့နယ် အတွင်း ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်(၃၆/၂-၃)ကြား၌ ခရီးသည်ယာဉ် တစ်စီးသည် မတ် ၁ ရက်တွင် အရှိန်လွန် တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်(၃၆/၂-၃)ကြား၌ အင်္ဂပူမှ ရန်ကုန် သို့ မောင်းနှင်သည့် ခရီးသည်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်နောက်လိုက် အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူကို ချောင်းကြီး နယ်မြေ ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။(Xinhua)