Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း အတွင်း ရေကြီးရေလျှံမှုများကြောင့် ဆည်ကျိုးကျ ရေလျှံမှုများရှိနေ


ရန်ကုန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် တစ်ချို့တွင် ရေကြီး ရေလျှံမှုများကြောင့် ယနေ့နံနက် အစောပိုင်း အချိန်တွင် ဘုတလင် မြို့နယ် အတွင်းရှိ သစ်ခဲဆည်သည် ကျိုးကျသွားခဲ့ပြီး ကန့်ဘလူ မြို့နယ်အတွင်းရှိ မင်းမြင်ဆည်မှာ ရေလျှံမှုများ ဖြစ်ပွားနေသည့် အတွက် ဆည်အနီးနား ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများအား ဘေးလွတ်ရာ ကုန်းမြင့်များ ၊ ကျောင်းများသို့ရွှေ့ပြောင်း ကယ်ဆယ်ရေးများ ပြုလုပ်နေရကြောင်း သတင်း ရရှိသည်။

“ည ၂ နာရီလောက်က ဘုတလင်မြို့နယ် အတွင်းက သစ်ခဲဆည် ကျိုးသွားတာပါ။ လူအသေ အပျောက်တော့ မရှိပါဘူး။ အခု ရေကတော့ ကျသွားပါပြီ။ အဲဒီဆည်နားက ရွာတစ်ရွာကိုတော့ ကုန်းမြင့်ပေါ်မှာရှိတဲ့ မူလတန်း ကျောင်းပေါ်ကို ရွှေ့ထားပါတယ်။ တချို့ကလည်း ရေမမြုပ်တဲ့ နေရာတွေကို ရွှေ့နေကြ ပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးသွားဖို့ရှိပါတယ်။ အခု ရဲတပ်ဖွဲ့တွေ ၊ စစ်တပ်ရော ၊ အဖွဲ့အစည်းတွေ အကုန်လုံး ကူညီ ရှင်းလင်းရေးတွေ လုပ်နေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကန့်ဘလူမြို့နယ် အတွင်းရှိ မင်းမြင်ဆည်မှာလည်း ယနေ့နေလည်ပိုင်းတွင် ရေလျှံကျမှုများ ဖြစ်နေသောကြောင့် ဘေးလွတ်ရာသို ရွှေ့ပြောင်းကြရန် သက်ဆိုင်ရာမှ လိုက်လံ နှိုးဆော်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ် အတွင်း ရေကြီးရေလျှံ မှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ – နေခြည်ထက် (ကျွန်းလှ) )

စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ် အတွင်း ရေကြီးရေလျှံ မှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ – နေခြည်ထက် (ကျွန်းလှ) )

“အခုလက်ရှိ ရေကြီး နေတာတွေကြောင့် ကျွန်းလှမြို့နယ် ရန်အောင်မင်္ဂလာ ကျောင်းတိုက်မှာ ရွှေ့ပြောင်း နေထိုင်တဲ့ ရေဘေး အခက်ကြုံတဲ့သူ ၃၀၀ လောက်ရှိပါတယ်။ ကျန်းမာရေး အခြေအနေကတော့ ဖျားတာ နာတာ တွေကတော့ ရှိပါတယ်။ ရေမြုပ်နေတာတွေက တစ်ချို့နေရာတွေမှာဆိုရင် နေအိမ်ခြံဝန်း တံခါးတောင် ကျော်ပါတယ်။ အနီးနားက ကျေးရွာ လေး ၊ ငါးရွာလောက်လဲ ဒဏ်ခံရပါတယ်။ အခုချိန်မှာ ရေကတော့ တန့်နေတုန်းပါပဲ”ဟု ကျွန်းလှမြို့နယ် နေထိုင်သူ တစ်ဦးက လက်ရှိ အခြေအနေအပေါ် ပြောပြသည်။

ယခု လက်ရှိ အခြေအနေနှင့် ပတ်သတ်၍ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က မြန်မာနိုင်ငံမှာ မိုးကြီးမှုများ ဖြစ်နေပြီး ရေဖုံးလွှမ်းမှုများကို စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များ၌ ကြုံတွေ့နေရသည်။ လက်ကျန် မိုးရာသီ ကာလဖြစ်သည့် စက်တင်ဘာလ အကုန်အထိလည်း မိုးရွာသွန်းမှုက ရွာသွန်းမြဲကို ကျော်လွန်ရန် (မိုးကောင်းရန်) သေချာမှု ၅၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ယခုနှစ်တွင် ရေဖုံးလွှမ်းမှုကို နေရာ ကျယ်ကျယ်ပြန့်ပြန့်တွင် အချိန်ကြာကြာ ကြုံတွေ့ရနိုင်သည် ဟု ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ (Xinhua)