Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့တွင်းရှိ နေရာ ငါးနေရာတွင် အထပ် ၂ဝ ကျော် အဆောက်အအုံ လေးလုံး နှင့် ၁၉ ထပ် အဆောက်အအုံ တစ်လုံးဆောက်လုပ်ခွင့်ပြု

ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၅ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ ခုနှစ် မတ်လအထိ ရန်ကုန်မြို့တွင်းရှိ နေရာ ငါးနေရာတွင် အထပ် ၂ဝ ကျော် အဆောက်အအုံ လေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံ တစ်လုံးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က မူအားဖြင့် ဆောက်လုပ်ခွင့် ပေးလိုက်သည် ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က သတင်းထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ မူအားဖြင့် ဆောက်လုပ်ခွင့် ပေးရာတွင် ရန်ကုန်မြို့ ၇ မိုင်ခွဲ၌ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း နေရာတွင် ၂၃ ထပ် အဆောက်အအုံ၊ သံသုမာလမ်း နှင့် ဝေဇယန္တာ လမ်းထောင့်တွင် အထပ်မြင့် အဆောက်အအုံ၊ အလုံမြို့နယ် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ကမ်းနားလမ်းသစ် တွင် အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ မင်္ဂလာတောင်ညွန့် မြို့နယ် အထက် ပန်းဆိုးတန်းလမ်း တွင် အထပ်မြင့် ၁၉ ထပ် အဆောက်အအုံ တို့ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

ယင်း အဆောက်အအုံ များတွင် ရွှေသံလွင် ကုမ္ပဏီက သံသုမာလမ်း နှင့် ဝေဇယန္တာလမ်း ထောင့်ရှိ အဆောက်အအုံ ကို ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ က မြေပိုင်ရှင်အဖြစ် ဆုထူးပန် ရုပ်ရှင်ရုံ ဟောင်း မြေနေရာတွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.