Connect with us

Environment, Disasters & Accidents

ရန်ကုန်-စစ်တွေ ကုန်တင်စက်လှေ ထွက်ခွာစဉ်နစ်မြုပ်

နစ်မြုပ်သွားသည့် ကုန်တင်စက်လှေအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း အမှတ်(၁) တံတားမှ ရန်ကုန်-စစ်တွေသွား MV-ရွှေလက် ဝါးစက်လှေသည် ဆိပ်ကမ်းမှ ထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ ခန့်က ရေယာဉ်မှူး ဦးမင်းကိုကို စမ်းချောင်းမြို့ နယ်နေသူနှင့် သင်္ဘောသားရှစ်ဦးပါ MV-ရွှေလက်ဝါး စက်လှေသည် ကုန်ပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်မှ စစ်တွေသို့ ဆိပ်ခံမှထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်သွား ခဲ့သည်။

အဆိုပါ စက်လှေပိုင်ရှင်မှာ စစ်တွေမြို့နေ ဦးရွှေ မောင်ဖြစ်ပြီး ကုန်တန်ချိန် ၃၅ဝ ရှိကြောင်းနှင့် ကားနှစ်စီး တွေ့ရကြောင်း၊ အနီးရှိ MV–ရဲထွန်းအောင် (၃)မှ ကူညီ ဆယ်ယူပေးခဲ့ကြောင်းနှင့် စက်လှေနစ်မြုပ်မှုအား သက် ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.