Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးကြိုးဘေး  ၃၄  ကြိမ် ဖြစ်ပွားပြီး   ၃၆ ဦးသေဆုံး

ကောင်းကင်ယံတွင် လျှပ်စီးလက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ပြည့်နှစ် ပထမငါးလဖြစ်သော ဇန်နဝါရီလမှ မေလကုန်အထိ    မိုးကြိုးဘေး  ၃၄  ကြိမ် ဖြစ်ပွားပြီး   ၃၆ ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ဇွန် ၆ ရက်တွင် ပြောသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်း က “ဒီရက်ပိုင်းတနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ မိုးကြိုးပစ်လို့ လူ၅ဦးသေဆုံးခဲ့တယ်။ ဒီနှစ်ထဲမှာ မိုးကြိုးပစ်မှု ပိုများတာ တွေ့ရတယ်’’ ဟုပြောသည်။

ယခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခုတွင် မိုးကြိုးဘေးကြောင့် လူ(၂၅)ဦး သေဆုံးပြီး(၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှုမှာလည်း ပိုမိုများပြားလာသည့်အတွက်   ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊လျှပ်စီးလက်ခြင်းနှင့်မိုးခြိမ်းခြင်းများဖြစ်ပေါ်နေချိန်တွင်ဖုန်းများကိုအသုံးမပြုသင့်ကြောင်း၊ တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ             စသည့် လျှပ်စစ်နှင့် ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ပလပ်ဖြုတ်ထားသင့်ကြောင်း၊ သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္တု ပစ္စည်းများအနီးတွင် မနေသင့်ကြောင်း၊ အိမ်အပြင်ဘက်တွင်လူစုလူဝေးနှင့်ဖြစ်နေပါက  သီးခြားစီဖြန့်ခွဲနေထိုင်သင့်ပါကြောင်းနှင့် တယ်လီဖုန်းများအသုံးပြုမှုနှင့်ပတ်သက်၍ အထူးသတိပြု ဆင်ခြင်သုံးစွဲကြရန် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ပြည်သူများသို့ သတိပေးချက် ထုတ်ပြန်ထားသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.