Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် မိုးကြိုကာလ မိုးကြိုးပစ်သည့်ဖြစ်စဉ်ပိုများ၊ မွန်းလွဲ ၃ နာရီ မှ ည ၇ နာရီ အတွင်းမိုးကြိုးဘေးသတိပြုနေထိုင်သင့်ကြောင်းဆို 

မိုးကြိုးပစ်ခတ်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် မိုးကြိုကာလသည် မုတ်သုံအားပျော့နေ၍ မိုးကြိုးပစ်သည့် ဖြစ်စဉ်များ ယခင်နှစ်ကထက် ပိုများ နိုင်ရာ မွန်းလွဲ ၃ နာရီ မှ ည ၇ နာရီ အချိန်အတွင်း မိုးကြိုးဘေးအန္တရာယ်ကို သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ 

 မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က “ဒီနှစ်ကမုတ်သုံအားပျော့တယ်။ မုတ်သုံအားပျော့တော့ မိုးတိမ်တောင်တွေဖြစ်တယ်။ မိုးတိမ်တောင် တွေဖြစ်တော့ မိုးထစ်ချုန်းခြင်းတွေဖြစ်ပြီး မိုးကြိုးပစ်တာတွေ ပိုများတာ ဖြစ်တယ်’’ ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။ 

၂၀၂၀ပြည့်နှစ် ဇန်နဝါရီမှ  ဇွန် ၆ ရက်အထိ မိုးကြိုးပစ်သည့် အကြိမ်ရေ ၅၄ ကြိမ် ရှိခဲ့ပြီး သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရသူ ၂၆ ဦးရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သိရသည်။လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဇန်နဝါရီ ကနေ မတ်လ အထိ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်ကနည်းတယ်။ ဧပြီ၊ မေ နဲ့ အခု ဇွန်လ အထိ က မိုးကြိုးပစ်တာ က ပိုများတယ်။ ဒီနှစ် က အရင်နှစ် ထက် မိုးကြိုးပစ်တဲ့ ဖြစ်စဉ် ပိုများတဲ့ အပြင် အိမ်ထဲမှာ နေတာ တောင် မိုးကြိုးပစ်ခံရတဲ့ ဖြစ်စဉ် တွေရှိတယ်’’ ဟု ဆိုသည်။ 

ယခုနှစ်တွင် အင်တာနက်သုံးရင်း၊ ဖုန်းသုံးရင်း၊ အိမ်ထဲတွင် ရေချိုးရင်း မိုးကြိုးပစ်သည့် ဖြစ်စဉ်များ ရှိသည့် အတွက် မိုးထစ်ချုန်းချိန် တွင် ပြည်သူများ အနေဖြင့် မိုးကြိုးဘေးအန္တရာယ်အား အထူးသတိပြုနေထိုင်သင့်ကြောင်း ဒေါ်ဖြူဖြူ လဲ့လဲ့ထွန်းက အကြံပြုခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117