Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၅၂၈ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားမူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၅၂၈ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ၂၁း၀၀ နာရီ တွင် မူးယစ်တပ်ဖွဲ့စု (၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ချစ်ကြည်ရေးတံတားအနီးတွင် နေအောင်(ခ)ကိုလင်း မောင်းနှင်ပြီး ဘရန်အောင် လိုက်ပါလာသော HARRIER အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေး ရှာဖွေရာ မော်တော်ယာဉ်၏ရှေ့ခန်း ဒက်(စ်)ဘုတ်အတွင်းမှ ဆပ်ပြာခွက် ၁၀၆ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁.၀၆ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၄၀၀ ပြားနှင့် လက်ကိုင်းဖုန်း ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်ရှိ မဂျီးမိုင်၏နေအိမ်ကိုရှာဖွေရာ မဂျီးမိုင်အား မတွေ့ရှိဘဲ နေအိမ်မှ ALPHARD-G အမျိုးအစားမော်တော်ယာဉ် တစ်စီး သိမ်းဆည်းရမိခဲ့သဖြင့် ဘရန်အောင် (၂၈)နှစ်၊ နေအောင်(ခ)ကိုလင်း(၃၅)နှစ်နှင့် မဂျီးမိုင်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.