Connect with us

Politics, Law & Military

ရန်ကုန်-မော်လမြိုင်လမ်း၌ ခေတ်မီ ရထားစက်ခေါင်းများ သုံးမည်

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်မျိုး လွှတ်တော်၌ ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အကုန်တွင် ရန်ကုန်-မော်လမြိုင်လမ်း၌ ခေတ်မီ ရထား စက်ခေါင်းများ အသုံးပြု ပြေးဆွဲပေးရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“စက်ခေါင်းသစ် ထုတ်လုပ် တပ်ဆင်ရေး စက်ရုံ(နေပြည်တော်)မှာ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်း ပြေးဆွဲနိုင်မယ့် မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းသစ်တွေကို တရုတ်နိုင်ငံရဲ့ ချေးငွေ စီမံကိန်း နဲ့ တပ်ဆင် ထုတ်လုပ်လျက်ရှိရာ လက်ရှိမှာ စက်ခေါင်း ခုနစ်ခေါင်း တပ်ဆင် ထုတ်လုပ်ပြီး အသုံးပြု နေပါပြီ၊ နောက်ထပ် စက်ခေါင်း သုံးခေါင်းကို ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်မှာ တပ်ဆင် ထုတ်လုပ် ပြီးစီးမှာ ဖြစ်လို့ ရန်ကုန် – မော်လမြိုင် လမ်းပိုင်းမှာ ပြေးဆွဲ အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန် ၏ အမေးကို ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန် မေးမြန်းစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချေးငွေ စီမံကိန်းဖြင့်ပင် ၂၀၁၈ – ၁၉ ဘဏ္ဍနှစ်အတွင်း ခေတ်မီ လေအိတ်ပါ ရိုးရိုးတန်းတွဲ အသစ် ၁၅ တွဲ တည်ဆောက်ရန် တင်ဒါခေါ်ယူလျက်ရှိကြောင်း၊ တွဲသစ် တည်ဆောက်ရေး လုပ်ငန်း များအား မြန်မာ့ မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲ စက်ရုံ(မြစ်ငယ်)တွင် ၂၀၁၉ ဇူလိုင်လ၌ စတင် ဆောင်ရွက်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ပြီးစီးရန်လျာထားကြောင်း၊ အဆိုပါ တွဲသစ် ၁၅ တွဲအနက် လေးတွဲကို စားသောက်တွဲများ အဖြစ် တည်ဆောက်ပြီး ကျန် ၁၁ တွဲကို ရန်ကုန် – မော်လမြိုင် လမ်းပိုင်းတွင် လွန်းပြန် ရထားအဖြစ် ပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ထို့အပြင် ရန်ကုန် – မော်လမြိုင် လမ်းပိုင်း ရထားသံလမ်းများ အဆင့်မြှင့်တင်ရေး၊ သက်တမ်းကြာ သောကြောင့် ကြံ့ခိုင်မှု လျော့ကျနေသောတံတားများ ပြုပြင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိရာ ထိုလမ်းပိုင်းရှိ တံတား အစင်း ၁၃၃ စင်းအနက် တံတား ၃၀ တို့ကို ပြုပြင်ခြင်း၊ တံတား ဇလီဖာတုံးများ ပြုပြင်ခြင်း၊ အသစ် လဲလှယ်ခြင်း တို့ကို ဆောင်ရွက်ထားကြောင်း၊ ရထား လက်မှတ်များ လွယ်ကူ လျင်မြန်စွာ ဝယ်ယူရရှိရေးအတွက်ကိုမူ လက်ရှိ လူကိုသာ အဓိက အသုံးပြုနေရသော ခေတ်မမီတော့ သည့် ဆက်သွယ်ရေးနှင့် အချက်ပြ စနစ်များ နေရာတွင် ပိုမို ထိရောက် လုံခြုံသည့် ခေတ်မီ စနစ်များ ပြောင်းလဲ အသုံးပြုနိုင်ရန် စီစဉ်လျက် ရျိကြောင်း၊ ထိုသို့ ပြောင်းလဲ အသုံးပြုပြီးပါက ခရီးသွားလိုမှုနှင့် လုံလောက်စွာ နေရာစီစဉ်ပေးနိုင်မှုတို့ကို ချိန်ညှိပေးနိုင်မည့် အနေအထားအားရပ်တန့် ဘူတာများ အားလုံးက တစ်ချိန်တည်းတွင် မျက်မြင် သိရှီသည့် စနစ် (Real-time Information System) အသုံးပြုနိုင်သည့် အခြေအနေ ရရှိလာသည့်အခါတွင် လွယ်ကူ လျင်မြန်စွာ ဝယ်ယူနိုင်သည့် လက်မှတ် ရောင်း စနစ်ကို ပြောင်းလဲ ဆောငာ်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့ သည်။

ခရီးမိုင် ၁၇၆ ဒသမ ၇၅ မိုင် ကွာဝေးပြီး ဘူတာပေါင်း ၃၆ ခု ရှိသော ရန်ကုန် – မော်လမြိုင် ရထားလမ်း၌ လူစီး အမြန် အဆန် သုံးစင်း၊ အစုန် သုံးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိရာ ခရီးစဉ် စ ဆုံး အတွက် ကြာချိန် ရှစ်နာရီ သုံးဆယ့်ငါး မိနစ်မှ ကိုးနာရီခန့်အထိ ရှိကြောင်း၊ ရထားများအား အနည်း ဆုံး တစ်နာရီ ၂၅ မိုင်နှုန်းမှ အများဆုံး ၃၅ မိုင်နှုန်းအထိသာ မောင်းနှင်ရန် သတ်မှတ်ပေးထား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.