Connect with us

Politics, Law & Military

အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်း လေ့လာ စိစစ်ရေး ကော်မတီ ဖွဲ့စည်း

ပြည်ထောင်စု လွှတ်တော် နာယက ယနေ့  အစည်းအဝေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဦးသိန်းထွန်းနှင့် အဖွဲ့ တင်သွင်းလာသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းအား လွှတ်တော်၌ မဆွေးနွေးမီ အသေးစိတ် လေ့လာ စိစစ်နိုင်ရန် လွှတ်တော် နှစ်ရပ်မှ ဥပဒေကြမ်း ကော်မတီများ ပါဝင်သည့် လေ့လာ စိစစ်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းလိုက် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ယနေ့ အစည်းအဝေးတွင်ပြောကြားခဲ့သည်။

“ကျောင်းကုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် ရွေး ကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦး – စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးတို့က လက်မှတ်ရေးထိုး ပေးပို့ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းတစ်ရပ်ကို ၁၁ ရက် ၂ လ ၂၀၁၉ မှာ ပြည်ထောင်စု လွှတ်တော်က လက်ခံရရှိခဲ့ပါတယ်၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ နဲ့ အညီ လက်ခံ ဆွေးနွေးရမှာ ဖြစ်ပါတယ်၊ အဆိုပါ ဥပဒေမူကြမ်းနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၅ နဲ့ အညီ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခြင်း မပြုမီ အသေးစိတ် လေ့လာ စိစစ်နိုင်ရန် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအားလုံး ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ၁၉ – ၂ – ၂၀၁၉ နေ့စွပြါ အမိန့်ေြကြာ်ငြာစာအမှတ် ၂၄ / ၂၀၁၉ ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်” ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိသည့် အနက် ၁၄၃ ဦး (ကိုယ်စားလှယ် အားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်)က လက်မှတ် ရေးထိုးထားသည့်အတွက် ၎င်းအဆိုကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော် နာယက ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေ မူကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း(၅) အုပ်ချုပ်ရေး ကဏ္ဍရှိ တိုင်းဒေသ ကြီး၊ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခြင်း ဆိုင်ရာ ပုဒ်မ ၂၆၁ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့အား ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ပျော်ဘွယ် မြို့နယ် မဲဆန္ဒနယ် အမတ် ဦးသောင်းအေးက မီဒီယာများအား ယခင် သီတင်းပတ် ဖေဖော်ဝါရီ၁၁ ရက်နေ့က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.