Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ကျပ် သိန်း ၂၅၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်က ကျပ် သိန်း ၂၅၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအနီး ဗန်းမော်-မြစ်ကြီးနားကားလမ်း၌ ဗန်းမော်မှ မြစ်ကြီးနားသို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်တစ်စီးပေါ်မှ မော်တော်ယာဉ်၏ဒက်ရှ်ဘုတ်အံဝှက်အတွင်းမှ ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၀၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၄ဝ သိန်း)၊ မြန်မာငွေ ၁၂၅,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးကို ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနေရာတွင် ထပ်မံပြီး ယာဉ်နောက်ထပ်တစ်စီးအား စစ်ဆေးရာ ယင်းမော်တော်ယာဉ်၏ဒက်ရှ်ဘုတ် အံဝှက်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၈ဝဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် ပတ်သက်ပြီး ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.