Connect with us

Politics, Law & Military

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ(၆၅၀)တုံး(၃၇၈၁)ကီလိုဂရမ်အား သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ကျောက်စိမ်း များအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ယာဉ်နောက်ခန်းကြမ်းခင်းနှင့် ဘော်ဒီဘေးနံရံတို့တွင် အံဝှက်များပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ(၆၅၀)တုံး၊ အခလေးချိန်အားဖြင့် (၃၇၈၁)ကီလိုဂရမ်ရှိသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဟိုပင်မြို့ဝင်/ထွက် ဘီးခွန် ဂိတ်အနီး “တော်ဝင်’’စက်သုံးဆီ အရောင်းဆိုင်ရှေ့၌ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ရွက်ခဲ့စဉ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မိုးကောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ သန်းနိုင်ဦး(၂၂)နှစ် မောင်းနှင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီးကျေးရွာနေ စိုင်းသီဟ(၃၃)နှစ် လိုက်ပါလာသော 1P/×××× ဂိုလ်းဘက် အနီရောင် (၆)ဘီးယာဉ်အား မသင်္ကာဖွယ် တွေ့ ရှိရသဖြင့် ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း ကြမ်းခင်းနှင့် ကားဘော်ဒီဘေးနံရံတို့တွင် အံဝှက်များပြုလုပ်၍ သိုဝှက်သယ်ဆောင် လာသည့် ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ(၆၅၀)တုံး အလေးချိန် (၃၇၈၁)ကီလိုဂရမ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် သန်းနိုင်ဦးနှင့် စိုင်းသီဟတို့(၂)ဦးအား ဟိုပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.