Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ဟိုပုံး နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းခင်း ဧက ၄၀ ဖျက်ဆီး

ဘိန်းခင်းဖျက်ဆီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ဟိုပုံး နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းခင်း ဧက ၄၀ ကို ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၈ ရက် နံနက် ဝရး၄၅ နာရီမှ ညနေ ၁၆း၅၀နာရီ အချိန်ထိ ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာ တောင်ဘက် ၄ ဖာလုံခန့်အကွာ ခန့်မှန်း (အယ်လ်စီ-၂၃၂၈၄၅)၌ အမြင့်(၃)ပေခန့် ရှိ ဘိန်းခင်း ၂၈ ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှဖျက်ဆီးခဲ့ ကြောင်း သိရသည်။

အလားတူ ပင်လောင်းမြို့နယ် လွယ်အယ်ကျေးရွာ၌ ဘိန်းခင်း ၁၂ ဧကအား ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.