Connect with us

Politics, Law & Military

ကန့်ဘလူမြို့နယ်၌ တူမီးလုပ်သေနတ် ၂ လက်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် တူမီးလုပ်သေနတ် ၂ လက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကန့်ဘလူမြို့နယ်၌ တူမီးလုပ်သေနတ် ၂ လက်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ၁၇၀၀ အချိန်တွင် ကန့်ဘလူမြို့နယ် ဇင်း ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဇင်းသစ်တောဘိနယ်မှ တောအုပ်ကြီး ဦးတင်ထွေးမြင့်နှင့် အဖွဲ့ ပါပူးပေါင်းအဖွဲ့သည် ဂုံခါးကြိုးဝိုင်းအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် လင်းနို့ဂူတောင်၏ တောင်ဘက် ချောက်အတွင်းမှ တူမီးလုပ်သေနတ် ၂ လက်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ သဖြင့် ကန့်ဘလူမြို့နယ်ရဲစခန်းသို့ အပ်နှံရန် စီစဉ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.