Connect with us

Politics, Law & Military

ကျောက်မဲမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

လက်နက်ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြား နှင့် အတူ ဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ကျောက်မဲမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁၂း၁၅ အချိန်က ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာရှိ မအေးနော်၏ နေအိမ်ကို ရှာဖွေရန်ဝင်ရောက်စဉ် နေအိမ်အတွင်းမှအမျိုးသားတစ်ဦးသည် ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ကာ နေအိမ် နောက်ဖေးမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ နေအိမ်တွင်မအေးနော်အား တွေရှိရပြီး ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၇ ပြား၊ခေါက်ဒင်ပါ လေသေနတ် တစ်လက်၊ဒူးလေး တစ်လက်၊ ဒူးလေး ကိုယ်ထည် တစ်ခု နှင့် မြှား ၁၇ ချောင်း၊ MG -1 ပလပ်စတစ် လက်ပစ်ဗုံး တစ်လုံး(ဖျူ့စ် တစ်ချောင်း)၊ 9 MM ပစ္စတိုကျည် ၅ တောင့်၊ ပလပ်စတစ်ကျည်အိမ် တစ် ခု၊စကားပြောစက် တစ် လုံး နှင့် အားသွင်းခုံ တစ် ခု၊ ဓါးရှည် နှစ်ချောင်း ၊ လှံ တစ်ချောင်းနှင့် မော်တော်ယာဉ် တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မအေးနော်(၄၁)နှစ်နှင့် ထွန်းဦး(ဖမ်းမမိသေး)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.