Connect with us

Politics, Law & Military

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော်ယာယီဆက်သွယ်ရေးရုံး ဖွင့်လှစ်


နေပြည်တော်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နေပြည်တော် ယာယီဆက်သွယ်ရေးရုံးကို ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်သံရုံး နေပြည်တော်ယာယီ ဆက်သွယ်ရေးရုံးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liang၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် တရုတ်သံရုံးမှ သံမှူး Ms Li Xiaoyanတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီဆက်သွယ်ရေးရုံး ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီဆက်သွယ်ရေးရုံး ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liang မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်တင်မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်တင် မီဒီယာများမေးမြန်းမှုအားဖြေကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liang မီဒီယာများမေးမြန်းမှုအားဖြေကြားစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာနှစ်နိုင်ငံဟာ အိမ်နီးနားချင်းကောင်း နှစ်နိုင်ငံဖြစ်ကြပါတယ်၊ နှစ်ဦးနှစ်ဖက် ဘက်စုံထောင့်စုံက ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက် နေပါတယ်၊ နေပြည်တော်မှာ တရုတ်သံရုံး ယာယီ ဆက်သွယ်ရေးရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး အနာဂတ်မှာ သံရုံးက နေပြည်တော်ကို ရွှေ့လာခြင်းဟာ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတော့ မှီတင်းစေနိုင်ပါတယ်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liangက ပြောကြားသည်။

နေပြည်တော် တရုတ်သံရုံး ယာယီ ဆက်ဆံရေးရုံးကို ဖွင့်လှစ်ခြင်းအားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးကို ပိုပြီး မှီတင်းကာ နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်သည့် အနာဂတ်ရှိလာနိုင်ကြောင်း အပြည့်အဝယုံကြည်ကြောင်း သံအမတ်ကြီးက ဆိုသည်။

“သံရုံးတွေက နေပြည်တော်မြို့ ထဲမှာ လာရောက် ဖွင့်လှစ်ကြခြင်းအားဖြင့် သက်ဆိုင်ရာ အစိုးရဝန်ထမ်းတွေ နဲ့ ထိတွေ့မှု ကိုပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကို ပိုမိုထိရောက်သွက်လက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ယင်းဆက်သွယ်ရေးရုံးဖွင့်လှစ်နိုင်ခြင်းမှ တစ်ဆင့် နေပြည်တော်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကို အမြန်ဆုံးဆောက်လုပ်ပြီး သံအမတ်ကြီးနှင့် ဝန်ထမ်းများ အားလုံးပြောင်းရွေ့လာနိုင်လိမ်မည်ဟု မျှော်လင့်ကြောင်း ဒုတိယ ဝန်ကြီး ဦးကျော်တင်ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို နေပြည်တော်ကို ပြောင်းရွှေ့ရန်နှင့် ပတ်သက်ပြီး တရုတ်သံရုံးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည့်ဌာနများနှင့် မြေနေရာ အဆောက်အအုံကိစ္စကို အသေးစိတ်ဆွေးနွေးနေကြောင်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ပြီးသွားပါပြီ၊ တရုတ်-မြန်မာချစ်ကြည်ရေးအတွက် မြန်မာနိုင်ငံကောင်းမွန်တဲ့ ဆက်ဆံရေးအတွက်ပါ၊ နေပြည်တော်ကို အမြန်ဆုံး ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။

တရုတ်သံရုံးသည် နေပြည်တော်တွင် ယာယီဆက်သွယ်ရေးရုံးခန်းဖွင်လှစ်ရန် ပထမဆုံးအဆိုပြုခဲ့သော မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းဖြစ်ပြီး တရုတ်ဘက်မှ တရုတ်-မြန်မာဆက်ဆံရေးအပေါ် များစွာအလေးထားခြင်းကို အပြည့်အဝပေါ်လွင်နေကြောင်း၊ မြန်မာဘက်မှ Vienna Convention on Diplomatic Relations နှင့်အညီ တရုတ်ဘက်၏ ရုံးခန်းအတွက် သံတမန်ဆိုင်ရာ အထူးအာဏာနှင့် ကင်းလွတ်ခွင့်များ ပေးအပ်ခဲ့ကြောင်း သံအမတ်ကြီးက အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.