Connect with us

Politics, Law & Military

ကွမ်းလုံ-ချင်းရွှေဟော် လမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွား

ဓာတ်ပုံ-Google Maps

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ချင်းရွှေဟော်မြို့အနီး ကွမ်းလုံ-ချင်းရွှေဟော် ကားလမ်းပိုင်း ပေါ်တွင် ယနေ့ နံနက် အစောပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် ကွမ်းလုံ- ချင်းရွှေဟော် ကားလမ်းပိုင်း ပေါ်တွင် ကန့်လန့် ဖြတ် ဖောက်ထားသော ရေမြောင်း အတွင်း မိုင်းထောင်၍ ဖောက်ခွဲခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ယင်းမိုင်း ပေါက်ကွဲမှုကြောင့် ကားလမ်းမ ပေ ၂၀ ခန့် ပျက်စီးသွားပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

ကွမ်းလုံ-ချင်းရွှေဟော်သည် မြန်မာတပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့ တိုက်ပွဲများ သုံးလ နီးပါး ဖြစ်ပေါ်ခဲ့သော နေရာဖြစ်သည်။ (Xinhua)