Connect with us

Politics, Law & Military

ချင်းရွှေဟော် နယ်မြေရဲစခန်းအနီး မိုင်းပေါက်ကွဲမှု နှစ်ကြိမ် ယနေ့ဖြစ်ပွားခဲ့

မိုင်းပေါက်ကွဲမှုကြောင့် ချင်းရွှေဟော်-ကွမ်းလုံသွား ကားလမ်း မြေသားနှင့် ကတ္တရာများ ပျက်စီးသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- လားရှိုးခရိုင် ပြန်/ဆက်)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊လောက်ကိုင်မြို့နယ် ချင်းရွှေဟော် နယ်မြေရဲစခန်း၏ (၆) ဖာလုံခန့် အကွာ၌ ယနေ့ဖေဖော်ဝါရီလ ၂၀ ရက် ၊ နံနက်ပိုင်း အချိန်တွင် မိုင်းပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားသွား ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ထုတ်ပြန် ခဲ့သည်။

ချင်းရွှေဟော် အနောက်ဖက် (၂) မိုင်ခန့်အကွာ ကွမ်းလုံ မြို့နယ် အတွင်း ချင်းရွှေဟော်-ကွမ်းလုံသွား ကားလမ်း မိုင်တိုင် အမှတ် (၆၄/၄-၅) ကြားတွင် ကန့်လန့်ဖြတ် ရေနှုတ်မြောင်း အောက်ခြေ ဝဲ/ယာ တွင် ကြီးကြပ်မိုင်း ၂ လုံးသည် အချိန် ၅ မိနစ်စီခြား၍ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၅ မိနစ်အချိန်တွင် (၁) လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၊ နံနက် ၂၀ မိနစ် အချိန်ခန့်တွင် ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ချင်းရွှေဟော်-ကွမ်းလုံသွား ကားလမ်း မြေသားနှင့် ကတ္တရာများ ပျက်စီးသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- လားရှိုးခရိုင် ပြန်/ဆက်)

မိုင်း ပေါက်ကွဲမှုကြောင့် ကားလမ်းမကြီးပေါ် အနံ (၂၄) ပေခန့် ၊ အလျား (၂၀) ပေခန့်၊အနက် (၆) ပေခန့် မြေသား နှင့် ကတ္တရာများ လန်ထွက်၍ မြေသားများ ကျုံ့ဝင် ပျက်စီးလျက် ရှိကြောင်း၊ ဖြစ်စဉ်နေရာ အနီး ကားလမ်းမ၏ ဝဲ/ယာ (၅) ပေခန့်အတွင်းရှိ ဓါတ်တိုင် (၂) တိုင် အောက်ခြေတွင် ကျိုးပဲ့ ပျက်စီးလျက် ရှိကြောင်း ဖြစ်စဉ်နေရာမှ ကားလမ်း၏ မြောက်ဖက် မီတာ (၂၀) ခန့်အတွင်း မိုင်းခွဲ ဖျက်ဆီးရန် စောင့်ကြို နေရာ ယူထားသော ခြေရာလက်ရာများ တွေ့ရှိရကြောင်း သတင်း ဖော်ပြချက်တွင် ပါရှိသည်။

မိုင်း ပေါက်ကွဲမှုကြောင့် ကွမ်းလုံ-ချင်းရွှေဟော် ကားလမ်း ယာဉ်အသွားအလာ ခေတ္တ ပိတ်ထားခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရေးအတွက် ယာယီ ရှောင်ကွင်းလမ်း ဖောက်လုပ်ခဲ့ပြီး ယာဉ်များအား လမ်းလွှဲမှ တဆင့် ဖြတ်သန်း သွားလာစေရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။ (Xinhua)