Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ရက်ပိုင်းအတွင်း အပြီးသတ်နိုင်သည့် အလားလာရှိဟုဆို

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA)ဆွေးနွေးပွဲ ဒုတိယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA)ကို ရက်ပိုင်းအတွင်း အပြီးသတ် ဆွေးနွေးနိုင်သည့် အလားအလာများရှိကြောင်း ယနေ့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

လော်ခီးလာ တိုင်းရင်းသားညီလာခံမှ တင်ပြလာသည့် NCAပါ အချက် ၁၃ချက်ကို အချောသတ်ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့ နှစ်ရက်တာ ဆွေးနွေးခဲ့ရာ အချက် ၁၀ချက် သဘောတူညီမှု ရရှိခဲ့ပြီး ၂ချက်ကို နှစ်ဖက်ခေါင်းဆောင်များကို ပြန်လည်တင်ပြပြီး သဘောတူညီမှု ရယူမည်ဖြစ်ကြောင်း၊ နှစ်ဖက် ဆွေးနွေးရန် ကျန်ရှိနေသော အချက် တစ်ချက်ကို တတိယနေ့တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ အစိုးရဘက်က စတင် အဆိုပြုထားတဲ့ ၁၅ဖွဲ့လက်မှတ်ထိုးမယ်၊ တိုင်းရင်းသားတွေဘက်က အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကို မနက်ဖြန်မှာ ဆွေးနွေးမှာပါ”ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး တတိယနေ့၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရာတွင် အစိုးရနှင့် တိုင်းရင်းသားများဘက်မှ မည်သူများ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံတကာ အသိသက်သေအဖြစ် မည်သူများကို ဖိတ်ကြားပြီး လက်မှတ်ရေးထိုး နိုင်ရေးနှင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား များဘက်မှ အားလုံးပါဝင် နိုင်ရေးများကို ဆွေးနွေးမည် ဖြစ်ကြောင်း SDအဖွဲ့မှ ခေါင်းဆောင် (၂) ပူးဇင်ကျုံးက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို တင်ပြထားပြီး အစိုးရဘက်မှ ၁၅ဖွဲ့ဖြင့် လက်မှတ်ရေးထိုးနိုင်ရေးကို အဆိုပြုထားသည်။

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၂ ရက်မှ စတင် ဆွေးနွေးခဲ့ပြီး ဇူလိုင် ၂၃ရက်နေ့ထိ ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.