Connect with us

Politics, Law & Military

တတိယအကြိမ် အမျိုးသားလွှတ်တော် စတင်ကျင်းပမည့်ရက် တစ်ရက်ရွှေ့ဆိုင်း

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေးတစ်ခု၌ လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာခဲ့သည့် တတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမနေ့ အစည်းအဝေးကို ဖေဖော်ဝါရီ (၂) ရက်နေ့နံနက် ၁၀:၀၀ နာရီသို့ ရွှေ့ပြောင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးမှ အရာရှိကြီးတစ်ဦးက ယနေ့ နေ့လယ် ပိုင်း၌ ဆင်ဟွာသို့ အတည်ပြုဖြေကြားခဲ့သည်။

ထိုသို့ ရွှေ့ပြောင်းရခြင်းမှာ အကြောင်းထူးရှိ၍ မဟုတ်ကြောင်း၊ လွှတ်တော်များ သက်တမ်းစသည့်အခါ ပြည်သူ့လွှတ်တော်က အစပြုပြီး ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကိုမူ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ၁၅ ရက်အတွင်း ပြုလုပ်ရမည်၊ ထိုအချိန်တွင် အမျိုးသား လွှတ်တော် အစည်းအဝေးကိုလည်း ပြုလုပ်ပြီး ဖြစ်ရမည်ဟု ဥပဒေ သတ်မှတ်ချက်ရှိသောကြောင့် အမျိုးသား လွှတ်တော် အစည်းအဝေးအား ပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး နှစ်ခု အကြားတွင် ဆောင်ရွက်နိုင်ကြောင်း၊ ပထမအကြိမ် လွှတ်တော် ကျင်းပစဉ်ကမူ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အစည်းအဝေးများကို တစ်ရက်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သော်လည်း ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းအစတွင် တစ်ရက်တည်း မလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ ရက်ရွှေ့ခြင်းမှာ ထူးခြားသည့် အကြောင်းရင်း တစ်စုံတစ်ရာ ပေါ်ပေါက်မှုကြောင့် မဟုတ်ဘဲ ဥပဒေနှင့် အညီ ပုံမှန် လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း အဆိုပါ အရာရှိကြီးက ဖြေကြားခဲ့သည်။

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေးတစ်ခု၌ လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁း၀၀ နာရီတွင် ပြည်သူ့ လွှတ်တော်၌ စတင် ဆောင်ရွက်လျက်ရှိပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကိုမှု ဇန်နဝါရီ ၃၀ ရက်နေ့ နေ့လယ် ၁:၀၀ နာရီတွင် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)